ဓားစာခံအားလုံး ပြန်မလာမချင်း ဂါဇာမှာ အပစ်အခတ်ရပ်စဲ ရေး မလုပ်ဘူးလို့  ဝန်ကြီးချုပ် နေတန် ရာဟု ပြော

ဂျေရူစလင်၊ နိုဝင်ဘာ ၆

ဟားမတ်စ်တွေ ခေါ်သွားတဲ့ မိမိတို့ အစ္စရေး ဓါးစာခံတွေ တစ်ယောက်မကျန် ပြန်မလာမချင်း ဂါဇာမှာ အပစ်အခတ် ရပ်ဆဲ ရေး ဆိုတဲ့ ကိစ္စကိုလုံးဝ စဥ်းစားမှာ မဟုတ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ရာဟုက ပြောဆိုလိုက်တယ် လို့ သိရပါတယ်။

လက်တွေ့မှာလည်း အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဟားမတ်စ်တွေကို  စစ်ဆင်ရေးတွေ အရှိန်မြှင့်ဖို့  စီစဉ်နေတဲ့အကြောင်းကို လည်း  စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုအတွင်း ဟားမတ်စ်က ဖမ်းဆီးထား တဲ့ ဓားစာခံ ၂၄၀ ကျော်ကို ပြန်လည်ပေးဖို့ တောင်းဆိုထားပါတယ်။

“ဓားစာခံတွေ ပြန်မပေးဘဲ အပစ်အခတ်ရပ်စဲရေးဆိုတာ ရှိလာမှာ မဟုတ်ပါဘူး”  ” ငါတို့က သူတို့ကို အနိုင်ယူ ပြီးတဲ့အထိ ဆက်သွားမယ်။ ငါတို့မှာ တခြားရွေးချယ်စရာမရှိဘူး” လို့ နေတန်ယာဟုက အစ္စရေး တောင်ပိုင်းက ရာမန်  လေတပ်အခြေ စိုက် စခန်း မှာ ပြောဆိုခဲ့ပါတယ်။

အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ကို ထိုးဖောက်ဝင်ရောက်ဖို့ ဝေဟင်နဲ့ရေတပ်အင်အား ပေါင်းစပ်အသုံးပြု ကာ ဟား မတ်စ် တို့ရဲ့  အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးခြင်း၊ အကြီးတန်းခေါင်းဆောင်တွေကို သတ်ဖြတ် ခြင်း အပြင် ဟား မတ်စ်တွေရဲ့  ကွပ်ကဲမှု ထိန်းချုပ်မှုစနစ်တွေကို ပါဖျက်ဆီး ဖို ကြိုးစားနေတာ ဖြစ်ပါတယ်။

တပ်ဖွဲ့တွေဟာ  ဂါဇာကမ်းမြောင်ဒေသကို အတွင်းအထိ ထိုးဖောက်ဝင်ရောက်ရာမှာ ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေနဲ့ မြို့ပြတိုက်ပွဲတွေပါ ပါဝင်နေတာ အန္တရာယ် ကြီးတဲ့အကြောင်း အစ္စရေးစစ်တပ် သတင်းရင်းမြစ်တွေကက ပြောဆိုကြောင်း လည်း သိရပါတယ်။

Ref: Reuters/fs

ပုံစာ။ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ရာဟု

Feature Image Credit: REUTERS/ Abir Sultan

Visited 22 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *