ဂျေရုစလင်၊ နိုဝင်ဘာ ၂၀
အောက်တိုဘာ ၇ ရက် ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုအပြီး ဓားစာခံတွေကို ဂါဇာကမ်းမြောင်က အကြီးဆုံးဆေးရုံဆီကို ခေါ်သွားတဲ့ ဗီဒီယိုဖိုင်ကို အစ္စရေးဘက်က ထုတ်ပြခဲ့ပါတယ်။
အဲဒီ ဖမ်းဆီးမှုထဲမှာအစ္စရေး စစ်သားတစ်ယောက် အသတ်ခံခဲ့ရတယ်လို့လည်း စစ်ဘက်ပြောရေးဆိုခွင့်ရှိသူက ပြောပါ တယ်။
အစ္စရေးစစ်သည် အသက် ၁၉နှစ်အရွယ် မာစီယာနို ဟာ ဒဏ်ရာအသေးစား ရထားတယ်လို့ သိရပြီး အဲဒိနောက် ဓားစားခံ အနေနဲ့ အယ် ရှီဖာ ဆေးရုံကို ဖမ်းဆီးခေါ်သွားတာ ခံခဲ့ရပြီး မကြာခင်မှာပဲ သေဆုံးသွားတာလို့ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) က နိုဝင်ဘာ ၁၉ရက် က လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထုတ်ပြန်ခဲ့တယ် လို့ သိရပါတယ်။
“ဒီဒေသမှာ IDFက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လို့ သေသွားတာလို့ ဟားမတ်စ်ဘက်က ပြောနေပေမယ့် အစ္စရေးက လက်မခံဘူးလို့ သိရပါတယ်။ ဒီစစ်သည်က ဒဏ်ရာ နည်းနည်း ရထားတာ မှန်ပေမယ့် အသက် အန္တရာယ် မစိုးရိမ်ရပါဘူး။ သူ့ကို အယ် ရှိဖာ ဆေးရုံဆီကို ဖမ်းခေါ်သွားတဲ့ နောက်မှ အသတ်ခံရလို့ သေသွား တာလို့ အစ္စရေးဘက်က ပြောပါတယ်။
ဟားမတ်စ် တွေဘက်ကတော့ နိုဝင်ဘာ ၉ ရက်က ဖြစ်ခဲ့တဲ့ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် မာစီယာနို သေဆုံး ခဲ့တာ ဆိုပြီး ဟားမတ်စ်က အခိုင်အမာပြောခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက် နံနက်က CCTV မှတ်တမ်းတွေအရ အစ္စရေးတောင်ပိုင်းမှာ ဟားမတ်စ်တွေရဲ့ အံ့အားသင့်စရာ တိုက်ခိုက်မှုကို ခံခဲ့ရပြီး အစ္စရေးနိုင်ငံသား ၁၂၀၀ သေဆုံးပြီး ၂၄၀ ကျော် ဓားစာခံအနေနဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
အောက်တိုဘာ ၇ ရက် နေ့စွဲနဲ့ CCTV ဗီဒီယိုမှာ လက်နက်ကိုင် အမျိုးသားတွေကို မြင်တွေ့ရပါတယ်။ ဓားစာခံတွေထဲက တစ်ယောက်က ခုခံပုံပေါပြီး နောက်တစ်ယောက်ကတော့ ဒဏ်ရာ ရထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
အစ္စရေးက ထုတ်ပြန်တဲ့ ဒီဗီဒီယိုကို ဟားမတ်စ်အဖွဲ့ ကျန်းမာရေးဝန်ကြီးဌာနက စစ်မှန်တယ်လို့ အတည်မပြုနိုင်ဘူးလို ပြောဆိုကြောင်းလည်း သိရပါတယ်။
Ref: BBC
ပုံစာ။ အစ္စရေးတို့ ထုတ်ပြန်လာတဲ့ ဗီဒီယို က မြင်ကွင်း တစ်ခု
Feature Image Credit: BBC