ဇန်နဝါရီ၊၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူ-ရန်ကုန်ကားလမ်း မိုင် တိုင်အမှတ် (၁၄/၂)နဲ့(၁၄/၃)ကြားမှာ ဇန်နဝါရီလ၂၉ ရက်မနက်ပိုင်းက NISSAN အမျိုးအစားကုန်တင်ယာဉ်နဲ့ ဆီဘောက်ဆာယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာကြောင့် ဆီဘောက်ဆာယာဉ်ယာဉ်မောင်း အမျိုး သားသေဆုံးပြီး ယာဉ်နောက်လိုက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“ဒဏ်ရရတဲ့ယာဥ်အကူကလည်း စိုးရိမ်ရတဲ့အနေအ ထားနဲ့ဆေးရုံပို့ထားရတယ်”လို့အနီးအနားမှာ ရှိနေသူ
တစ်ဦးကပြောပါတယ်။
ယာဥ်တိုက်မူဖြစ်ပွားရာနေရာကို ဓနုဖြူမြို့နယ်မီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်များနဲ့ သက်ဆိုင်ရာအဖွဲ့အ စည်းများ ပူးပေါင်းကယ်ဆယ်ရေးလုပ်ပြီး ပုဏ္ဏမာလူမှုကူညီရေးအသင်းလူနာတင်ယာဉ်နဲ့ ဓနုဖြူမြို့နယ်ပြည်သူ့ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Visited 62 times, 1 visit(s) today



