ဧရာဝတီတိုင်းဒေသကြီး၊ဒေးဒရဲမြို့၊(၂)ရပ်ကွက်၊၁၄လမ်းရှိ နေအိမ်တစ်အိမ်က ဒေါ်ခင် နုကို လက်နဲ့ခြေတို့ ကို ကြိုးတုပ်ပြီး ရွှေထည် ပစ္စည်းတန်ဖိုးငွေ ၇၈သိန်းနဲ့ ငွေကျပ် ၆ သိန်းတို့ကို အနုကြမ်းစီးဓားပြတိုက်သွား တဲ့သူတွေကို ၄၈နာရီအတွင်း ဇွန်လ၁၂ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ လုံခြုံရေး တပ်ဖွဲ့နဲ့နီးစပ်သူတွေဆီကသိရပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ဓားပြတွေကတော့ အမျိုးသား သုံးယောက်ဖြစ်ပြီး ဓားပြတိုက်ရမှာ ယူ ဆောင်သွားတဲ့ရွှေထည်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
