ဒေါ်အောင်ဆန်းစုကြည် တရုတ်အထူး ကိုယ်စားလှယ်နဲ့တွေ့ဆုံမယ်

မြန်မာနိုင်ငံ၊နေပြည်တော်ကို ဇူလိုင်လ၂၇ ရက်က ရောက်ရှိနေတဲ့ တရုတ်အထူး ကိုယ်စားလှယ်မစ္စတာတိန်ရှီးကျွမ်းဟာ ယနေ့(ဇူလိုင်၂၈)မွန်းလွဲ၂နာရီမှာဒေါ်အောင် ဆန်းစုကြည်နဲ့တွေ့ဆုံခွင့် ရနိုင်တယ်လို့ နိုင်ငံ ရေးနှင့်နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါ တယ်။

တရုတ်အထူးကိုယ်စားလှယ်မစ္စတာတိန်ရှီးကျွမ်းဟာ ဇူလိုင်လ၂၇ရက်က အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ တွေ့ဆုံပြီးနောက် ဇူလိုင်၂၈ရက် ဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့် ရနိုင်တာလို့သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံခွင့်ရပြီးနောက်ပိုင်းမှာတရုတ်အထူးကိုယ်စားလှယ်နဲ့ထပ်မံတွေ့ဆုံခွင့်ရရှိပါက နိုင်ငံခြားသံတမန်တွေနဲ့ တွေ့ဆုံခွင့်ရရှိတာဟာ ဒုတိယအကြိမ်မြောက် ဖြစ် လာမှာပါ။

ဓာတ်ပုံ– တရုတ်အထူးကိုယ်စားလှယ်နဲ့ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တွေ့ဆုံစဉ်

Leave a Reply

Your email address will not be published. Required fields are marked *