ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်အဖွဲ့ ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင် လွတ်ရက်စေ့ဖြင့် ယနေ့ပြန်လွတ်လာ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်အဖွဲ့ ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင်ဟာ ဒီကနေ့ ၂၀၂၃ဇူလိုင်၅ရက်မှာ ရမည်းသင်းအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။

၂၀၂၁ဖေဖော်ဝါရီ၁ရက်နောက်ပိုင်း နေပြည်တော်က ရဲဝန်ထမ်းလိုင်းခန်းမှာပဲ စောင့်ကြည့် ထိန်းသိမ်းခံနေရပြီး ၂၀၂၁စက်တင်ဘာလ ၂၁ ရက်နေ့မှာဖမ်းဆီးခံလိုက်ရတဲ့ သက်တော်စောင့်အဖွဲ့ ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင်ဟာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ထောင် ၃ နှစ်ချခံထားရသူပါ။

သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ်ချယ်ရီထက်နဲ့အတူ တပြိုင်တည်းထိန်းသိမ်းခံထားရသူလည်းဖြစ်ပါတယ်။

သူအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာဖို့ကို မိသားစုဝင်တွေနဲ့အတူ ဇနီးသည်နဲ့သမီးတစ်ယောက်တို့က အမြဲစောင့်ဆိုင်းမျှော်လင့်နေကြတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *