ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး အာဆီယံတွင် ထုတ်ဖော်ပြောဆို

ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ထိုင်းနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် မစ္စတာDon Pramudwinai က ဒေါ်အောင်ဆန်းစုကြည်ကို မကြာသေးမီက တွေ့ဆုံခဲ့သည်ဟု အာဆီယံအစည်းအဝေးသတင်းများက ဖော်ပြလာသည်။

ပြည်ပ အဆင့်မြင့်သံတမန်ကြီးတစ်ဦးနှင့် ပထမဦးဆုံးတွေ့ဆုံပေးဖွယ်ရှိနေသည့် ယင်းလုပ်ရပ်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က ထုတ်ဖော်လိုက်ခြင်းဖြစ်ပြီး ယခုရက်ထဲကျင်းပနေသော အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးထဲ ပြောဆိုခဲ့ခြင်းဖြစ်သည်။

Kyodo သတင်းဌာနက ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်ဒေါ်အောင်ဆန်းစုကြည် တို့၏တွေ့ဆုံမှုအပေါ် ၂၀၂၁ ဖေဖော်ဝါရီနောက် ပိုင်း နိုင်ငံတကာသံတမန်တစ်ဦးနှင့်ဒေါ်အောင်ဆန်းစုကြည်တို့အကြား ပထမဦးဆုံးတွေ့ဆုံမှုဟု ကောက်ချက်ချသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာသို့လာရောက်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *