ဒေါ်အောင်ဆန်းစုကြည်‌နေထိုင်တဲ့ ရန်ကုန်နေအိမ် ခြံနံပါတ် ၅၄ ကို လေလံတင်ရောင်းချဖို့ ကမာရွတ်ခရိုင်တရားရုံးက အမိန့်ချ

၂၅ ဇန်နဝါရီ၊၂၀၂၄

ဒေါ်အောင်ဆန်းစုကြည်‌နေထိုင်တဲ့ ရန်ကုန်နေအိမ် ခြံနံပါတ် ၅၄ ကို ကျပ်ငွေ ၃၁၅ ဘီလျံနဲ့ လေလံကြမ်း‌ခင်းစျေးသတ်မှတ်ပြီး လေလံတင် ရောင်းချမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့၊ ကမာရွတ်ခရိုင်တရားရုံးက ဒီကနေ့နေ့ အမိန့်ချလိုက်တာလို့ သိရပြီး၊၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်မှာ နေအိမ်ရှေ့မှာလေလံတင်ရောင်းချမှုကို ပြုလုပ်မယ်လို့​ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းဝိုင်းက သိရပါတယ်။

ဒီခြံဟာ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းမှာရှိပြီး၊ ဒေါ်အောင်ဆန်းစုကြည်မိခင် ဒေါ်ခင်ကြည်အမည်ပေါက်ပိုင်ဆိုင်တာ​ကြောင့် သားအကြီးဖြစ်သူ ဦးအောင်ဆန်းဦးကအမွေခွဲဖို့ ၂၀၂၂ ခုနှစ်က အထူးအယူခံတက်တဲ့တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဒီအယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ခွင့်ပြုအနိုင်ပေးခဲ့ပြီးတာဖြစ်ပြီး ဒီနေ့မှာနောက်ဆက်တွဲအမိန့် ချတဲ့သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

Visited 19 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *