ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပြီး နောက်ပိုင်းထောင် ကနေ နေအိမ်ကို ပြောင်းရွှေ့ပေးခဲ့တာဖြစ်နေပြည်တော်အချုပ်ထောင်မှာ အကျဉ်း ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အချုပ် ထောင်ကနေ ဒုဝန်ကြီးအဆင့် နေ ထိုင်တဲ့နေအိမ်ကိုပြောင်းရွှေ့ထားတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ထောင် ကနေ နေအိမ်အကျယ်ချုပ်သဘောမျိုး ပြောင်းရွှေ့ထားတယ်ဆိုတဲ့သတင်းဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ဒေါ်အောင် ဆန်းစု ကြည်တွေ့ဆုံပြီးနောက်ပိုင်း မကြာမီ က သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။
နစကဟာ ဒေါ်အောင်ဆန်းကြည်နဲ့ ပတ် သက်တဲ့သတင်းတွေကိုအထူးလျှို့ဝှက်ထားပြီး အခုနေရာပြောင်းတာဟာလည်း ဘယ်အချိန်ကပြောင်းခဲ့တယ်ဆိုတာကို တော့ အတည်ပြုဖို့ ခက်ခဲနေဆဲ ဖြစ်ပါ တယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ ခြားရေးဝန်ကြီးနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ၉ရက်က နစ က က စီစဉ်ပေးတဲ့ သီးသန့်နေရာမှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။