ဝါရှင်တန်၊ စက်တင်ဘာ ၁၉
အီရန်မှာ နှစ်အတန်ကြာဓားစာခံ အဖြစ် ထောင်ချခံထားရတဲ့ အမေရိကန်ငါးဦးဟာ အမေရိကန်နဲ့ အီရန်နှစ်ဘက်က ညှိုနှိုင်း တဲ့ ဒေါ်လာ ၆ ဘီလီယံတန် သဘောတူညီချက် တစ်ခု့ကြောင့် အမေရိကန်ပြည်ထောင်စု ကို ပြန်လာခွင့် ရခဲ့ပြီ လို့ သိရ ပါ တယ်။
ကာတာက ကြားဝင် ညှိနှိုင်းပေးတဲ့ အငြင်းပွားဖွယ် လဲလှယ်ညှိနှိုင်းမှုတွေရဲ့ နောက်ဆုံးမှာတော့ တောင်ကိုရီးယားဘဏ်မှာ အရေးယူပိတ်ဆို့မှု့ ဆန်ရှင်ထိပြီး ပိတ်မိနေတဲ့ အီရန်ရန်ပုံငွေ ဒေါ်လာ ၆ ဘီလီယံ (ပေါင် ၄.၈ ဘီလီယံ) ဟာ အခုဆို ဒိုဟာက ဘဏ်တွေဆီကို ရောက်သွားခဲ့ပြီမို့ အပေးအယူတည့်သွားတာ ဖြစ်ပါတယ်။
အခုအခါ အမေရိကန်ဘက်က အမျိုးသားလေးယောက်နဲ့ အမျိုးသမီးတစ်ယောက်တို့ဟာ အီရန်နိုင်ငံကနေ ကာတာနိုင်ငံ မြို့တော်ကို စင်းလုံးငှားလေယာဉ်နဲ့ထွက်ခွာသွားခဲ့ကြပြီလို့ သိရပါတယ်။
သူတို့ငါးယောက်ကို အမေရိကန် အကြီးတန်း အရာရှိတွေက တွေ့ဆုံခဲ့ကြပြီး အခုတော့ ဝါရှင်တန်ကို ခရီးဆက်နေကြပြီ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်မှုနဲ့ အမေရိကန် အကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ အီရန် နိုင်ငံသား ငါးဦးကိုလည်း အခု လဲလှယ်မှုမှာ ပါဝင်ခွင့်ကို အမေရိကန်ဘက်က ခွင့်ပြုထားပေမယ့် သုံးသပ်ချက် တွေအရ ဆိုရင် သူတို့တွေဟာ အီရန်ကို ပြန်သွားမယ်လို့တော့ မထင်ဘူးလို့ ခန့်မှန်းပြောဆိုနေကြတယ်လို့လည်း သိရပါတယ်။
Ref:BBC
ပုံစာအညွှန်း။ လွှတ်မြောက်လာသူတွေကို တွေ့ရပုံ
Feature Image Credit: BBC