ဒေါ်နယ် ထရန့် အမေရိကန်သမ္မတ အဖြစ် ကျမ်းကျိန်အပြီး ပထမဆုံး လူသိရှင်ကြား လက်မှတ်ထိုး ထုတ်ပြန်လိုက်တဲ့ အချက်(၃)ချက်

 ဝါရှင်တန် ဒီစီ၊ ဇန်နဝါရီ ၂၀

သမ္မတ ဖြစ်လာဖို့  ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့နောက် အခုချိန်မှာ ဒေါ်နယ် ထရန်က အမေရိကန်ပြည်ထောင်စု (၄၇) ယောက်မြောက် သမ္မတဖြစ်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူရဲ့ ပထမဆုံး ကြောငြာချက် (၅) ချက် အနက် အမေရိကန် ပြည်သူတွေနဲ့ တိုက်ရိုက် ထိတွေပတ်သက်နေတဲ့ အချက် (၃)ချက်လည်း ပါတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။

၁။ အမှုဆောင်လုပ်ငန်းတွေ ထပ်တိုးခြင်း ၊ ပယ်ဖျက်ခြင်းများလက်မှတ်ရေးထိုးခြင်း

သမ္မတဒေါ်နယ်ထရန့်  ဒေသစံတော်ချိန် ဇန်နဝါရီ ၂၀ တနင်္လာနေ့မှာ သမ္မတအဖြစ်  စတင်တာဝန်ယူပြီးတဲ့နောက် နာရီပိုင်းအတွင်း အမှုဆောင်လုပ်ငန်းဆောင်ရွက်မှုတွေကို ဆက်တိုက်လက်မှတ်ရေးထိုးခဲ့ပြီး  အရင် သမ္မတဂျိုး ဘိုင်ဒန် ရဲ့ မူဝါဒ ၇၈ ချက်ကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။သည်။ အမိန့်စာတခုမှာဆိုရင် ၂၀၂၁ခုနှစ် ဇန်နဝါရီ ၆ရက် US Capitol ကိုတိုက်ခိုက်ရာမှာ တရားစွဲဆိုခံထားရတဲ့ လူပေါင်း၁၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်-မက္ကဆီကိုနယ်စပ်ကို  အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပြီး နယ်စပ်တံတိုင်းတည်ဆောက်ရာမှာ  ပင်တဂွန်စစ်ဌာနချုပ်က အရင်းအမြစ်တွေနဲ့  ဝန်ထမ်းတွေကို အသုံးပြုမယ်လို့ ပါရှိပါတယ်။ တချိန်တည်းမှာပဲ ထရန့်အစိုးရက အမေရိကန်ကို ပဲရစ်ရာသီဥတု သဘောတူညီချက်နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ နုတ်ထွက်လိုက်ပါတယ်။

၂။ လိင် သတ်မှတ်မှု

သမ္မတ ထရန့် လက်မှတ်ရေးထိုးခဲ့တဲ့  အုပ်ချုပ်ရေးအမိန့်အရ ဖက်ဒရယ်အစိုးရ အနေနဲ့ အမျိုးသားနဲ့ အမျိုးသမီး နှစ်မျိုးသာ အသိအမှတ်ပြုမယ်လို့ ပါရှိပါတယ်။ ( ဒါက  LGBTQ+ရဲ့  အခွင့်အရေး တိုးချဲ့မှုကို တားမြစ်လိုက်တာပါ)။ အစိုးရအေဂျင်စီအားလုံးဟာ  နိုင်ငံကူးလက်မှတ်တွေ၊ ဗီဇာတွေနဲ့ ကမ္ဘာလုံးဆိုင်ရာဝင်ခွင့်ကတ်တွေအပါအဝင် တရားဝင်စာရွက်စာတမ်းတွေ အားလုံး “ကိုင်ဆောင်ထားသူရဲ့  ကျား၊ မ ဆိုပြီး နှစ်မျိုးပဲ  တိကျစွာ ဖော်ပြရမှာ ဖြစ်ပါတယ်။

၃။ ဆောင်းရာသီမုန်တိုင်း

မျိုးဆက်တစ်ခုပြီးတစ်ခု ဆောင်းရာသီမုန်တိုင်းတွေ ကြုံခဲ့ရတယ်။   ဒါကို စနစ်တကျ ကာကွယ်ဖို့ ပြောပါတယ်။ ပြည်နယ် ၄၀  လူသန်း ၂၂၀ ကျော်က အအေးဒဏ်ကို ခံနေရပြီး အနောက်အလယ်ပိုင်းနဲ့  မြောက်ပိုင်းလွင်ပြင် တွေဟာ အခသီတင်းပတ်အတွင်းမှာ သုညအောက် ၅၅ ဒီဂရီအောက် လေအေးများ ခံစားရဖွယ်ရှိနေတာ ဖြစ်ပါတယ်။ဒီ အအေးနူန်းတွေဟာ အရေပြားနဲ့ ထိတွေ့ပါက၅မိနစ်အတွင်း သွေးတွင်း ပြသနာ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

Ref: CNN

Feature Image credit: AP

Visited 99 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *