ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဗိုလ်မှူးခိုင်စိုးလွင် ပစ်သတ်ခံရ

ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ တပ်ရင်းမှူးအဆင့်ရှိသူ ဗိုလ်မှူးခိုင်စိုးလွင် ဆိုသူ စက်တင်ဘာလ ၁၅ ရက် မွန်းလွဲပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ စစ်တွေမြို့၊ ကျေးပင်ကြီးရပ်ကွက်၊ ဗောဓိလမ်းတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါ တီ ALP မှ ဗိုလ်မှူးအဆင့်ရှိသူ ခိုင်စိုးလွင်(ကိုယ်ရေးအချက် အလက်- စိစစ်ဆဲ)နှင့် အမည်(စိစစ်ဆဲ)တို့အား လက်နက်ကိုင် (စိစစ်ဆဲ)၊ ခေါင်း ဆောင်(စိစစ်ဆဲ) အင်အား ၄ ဦးခန့်မှ ဓားဖြင့်ထိုးခြင်း၊ သေနတ် (အမျိုးအစား စိစစ်ဆဲ)တို့ဖြင့် ပစ်ခတ်ခဲ့ မှု ယနေ့ စက်တင်ဘာလ ၁၅ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းကြောင့် ALP ပါတီမှ ဗိုလ်မှူးအဆင့်ရှိသူ ခိုင်စိုးလွင် ၏ လက်ယာဘက်နံစောင်းထိုးသွင်းဒဏ် ရာ ၁ ချက်၊ လက်ယာဘက်ရင်အုံထိုးသွင်းဒဏ်ရာ ၂ ချက်၊ လက်ယာဘက် လက်မောင်းထိုးသွင်းဒဏ်ရာ ၁ ချက်၊ လက်ယာ လည်ပင်းထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဘယ်ဘက်နို့အုံ အထက်ထိုးသွင်းဒဏ်ရာ ၁ ချက်၊ဘယ်ဘက်ညှပ် ရိုးအ ထက်ထိုးသွင်းဒဏ်ရာ ၁ ချက်၊လက်ယာပါးထိုးသွင်း ဒဏ်ရာ ၁ ချက်၊ လက်ယာနဖူးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ ရရှိပြီး အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဗိုလ်မှူးခိုင်စိုးလွင် မှာ အသက် ၄ဝ ကျော်အရွယ်သာ ရှိသေးသူ ဖြစ်ပြီး ယင်းကို လုပ်ကြံမည့်သူ ၄ ဦးက နံပါတ်မပါသော ဆိုင်ကယ်ဖြင့် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်ကြောင်း ၊ လက်ရှိတွင် မည်သည့်အဖွဲ့က ဆိုသည်ကိုလည်း မသိရသေးကြောင်း ပြောဆိုနေကြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်ကလည်း ALP မှ ပါတီဒုတိယဥက္ကဋ္ဌ ခိုင်နီရောင်၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်မင်းနှင့် ယာဉ်မောင်း ခိုင်ကျော်နိုင်တို့ စစ်တွေတက္ကသိုလ်နှင့် မင်းဂံရထားသံလမ်းအနီးသို့အရောက် ဆိုင်ကယ်ဖြင့်လိုက်လာသည့် လက်နက်ကိုင်တစ်စု၏ သေနတ်ဖြင့်ပစ်သတ်ခြင်းကို ခံခဲ့ရကာ သေဆုံးခဲ့သေးသည်။

Leave a Reply

Your email address will not be published. Required fields are marked *