ဒေါပုံမှာ ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ဒေါပုံမြို့နယ်၊ဝါဆိုရပ်ကွက်၊မဏ္ဍိုင်လမ်းထိပ်၊ဂျပန်တံတားအဆင်းမှာ မေလ၂၃ရက် ည၁၁နာရီ၂၅မိနစ်က မော်တော်ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းအမျိုးသားသေဆုံး သွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ် တွေဆီက သိရပါတယ်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာကို ရှင် သန်ရေးကူညီမှုအသင်းက သွားရောက် ကူညီကယ်ဆယ်ရေးလုပ်ငန်း များ ဆောင် ရွက်ပေးခဲ့ရာ ဒဏ်ရာရရှိခဲ့တဲ့ ယာဉ်မောင်း ကို အချိန်နှင့်တပြေးညီ ရန်ကုန်ဆေးရုံကြီး အရေးပေါ်လူနာဌာနကို ပို့ဆောင်ပေးခဲ့ပေ မယ့် လူနာမှာ ဒဏ်ရာပြင်းထန်ခဲ့တာ ကြောင့် ဆေးရုံရောက်အပြီး မကြာမီ သေဆုံး သွားခဲ့တယ်လို့ သိရပါတယ်။

Visited 14 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *