ဒေါပုံမြို့နယ်မှာ ပရိဘောဂဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဇေယျာသီရိရပ် ကွက်၊ ယမုံနာလမ်းက ပရိဘောဂပစ္စည်းအရောင်းဆိုင်တစ်ဆိုင်မှာ အောက်တိုဘာ၂၄ရက်မွန်းလွဲ၂နာရီ၂၅မိနစ်က မီး လောင်မှုတစ်ခူဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မီးလောင်မှုကို မီးသတ်ဦးစီးဌာနက Lv1အဆင့်သတ်မှတ်ပြီး မီးငြှိမ်းသတ်ပေးခဲ့ရကာ မီးလောင်ကျွမ်းမှုဖြစ်ပွားရတဲ့အ ကြောင်းအရင်းနဲ့ပျက်စီးဆုံးရှုံးမှုတန်ဖိုး စိစစ်တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်ပွားရာကို ဒေါပုံမြို့နယ်အတွင်းကသန္ဓေနဲ့အရန် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဥ်များ၊ရေသယ်ယာဥ်များတို့နဲ့ မီးငြှိမ်းသတ်ပေးခဲ့ရတယ်လို့သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *