ဒေသတွင်း တင်းမာမှုတွေ မြင့်တက်လာတာမို့ နိုင်ငံခြားသားတွေ အနေနဲ့  လက်ဘနွန်ကနေ  တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာဖို့ သက်ဆိုင်ရာနိုင်ငံတွေက တိုက်တွန်းနေ

ဘေရွတ်၊ ဩဂုတ် ၅

ဒေသတွင်း တင်းမာမှုတွေ မြင့်တက်လာလို့ အမေရိကန်၊ ဗြိတိန်နဲ့  ပြင်သစ် အပါအဝင် နိုင်ငံတိုင်းက သူတိုနိုင်ငံသားတွေကို လက်ဘနွန်နိုင်ငံထဲက အမြန်ဆုံး ထွက်ခွာဖို့ တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။

အခုသီတင်းပတ်အစောပိုင်းက တီဟီရန်မြို့တော်မှာ ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေး ဟာနီယက် လုပ်ကြံခံရမှုအတွက်  လက်စားချေမယ်လို့ အီရန်က ကတိပြုခဲ့ပြီး ပြင်းပြင်းထန်ထန် သတိပေးချက်ထုတ်ထားတယ်လို့ ဆိုပါတယ်။

ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးက အီရန်နိုင်ငံမြို့တော် တီဟီရန်ကို  ဩဂုတ် ၄ရက်တနင်္ဂနွေနေ့က ရှားရှားပါးပါး လာရောက်လည်ပတ်ခဲ့ပြီး နှစ်နိုင်ငံ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ ကိစ္စတွေကို အီရန်တာဝန်ရှိသူတွေနဲ့ တွေ့ပြီး  အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အခုဖြစ်ပွားနေတဲ့  ဂါဇာကမ်းမြောင်က အစ္စရေးရဲ့ စစ်ပွဲဟာ အခုအခါ  ကိုးလမြောက်ကို ရောက်နေပြီ ဖြစ်ပြီး  အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခအဖြစ်ကို တိုးဝင်လာမှာ အားလုံးက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့ဟာ  လက်တုံ့ပြန်မယ့် ကိစ္စတွေမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ အားလုံးက ထင်မြင်ထားပါတယ်။ လက်တွေ့မှာလည်း လက်ဘနွန် စစ်သွေးကြွအဖွဲ့နဲ့ အစ္စရေးတို့က  နေ့စဉ် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေပါတယ်။

ဩဂုတ်၃ရက်  စနေနေ့ ညကလည်း  ဟစ်ဇ်ဘိုလာက  ဒုံးကျည် အလုံး ၃၀ ပစ်ခတ်ခဲ့ပြီး အများစုကို အစ္စရေးက ကြားဖြတ်ဟန့်တားခဲ့တယ်လို့ သိရပါတယ်။

Ref: CNN

ပုံစာ။ ဘေရွတ်မြိုတစ်နေရာ

Feature Image Credit: CNN

Visited 45 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *