ဒူးရင်းသီးစတုဒီသာပွဲတော်သို့ ကားအစီးရေ သုံးရာကျော်၊ဆိုင်ကယ်လေးရာခန့် ဖြင့် လူဦးရေ ၃၀၀၀ ကျော် လာရောက်ခဲ့ဟု ဆို

တောင်ပုလတောင်တွင ပြုလုပ်ခဲ့သော ဒူးရင်းသီးစတုဒီသာပွဲတော်သို့ ကားအစီးရေ သုံးရာကျော်၊ဆိုင်ကယ်လေးရာခန့် ဖြင့် လူဦးရေ ၃၀၀၀ ကျော် လာရောက်ခဲ့ကြကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာ၊ ပိတ်ချင်းမြောင်လှိုဏ်ဂူအနီး တောင်ပုလတောင်တွင် မေလ ၂၁ ရက်က ပြုလုပ်သော ဒူးရင်းသီးအဝစား စတုဒီသာပွဲတော်သို့ ရောက်ရှိခဲ့သော လူဦးရေမှာ အနယ်အရပ်ရပ်က ၃ ထောင်ကျော် ခန့်ရှိကြောင်း သိရသည်။

အဆိုပါ ပွဲတော်မစခင်တင်မှ တသ်ရက်အလို မေလ ၂၀ ရက် ညကတည်းကပင် ညအိပ်လာရောက်ကြသူများ ရှိသကဲ့သို့ နံနက်စောစောကပင် လာရောက်သူများလည်း ရှိကြောင်း၊ပွဲတော်အတွင်း ဒူးရင်းသီး အလုံးတစ်ထောင်ကျွေးမွေးသည့် အစီအစဉ်ကို ပြုလုပ်ခြင်း ဖြစ်ပြီး ယင်းမှာ ငါးမိနစ်အတွင်း ပြီးဆုံးခဲ့ကြောင်း သိရသည်။

ဒူးရင်းသီးအဝစား စတုဒီသာပွဲတော်သို့ လာရောက်ကြသည့် ယာဉ်တန်းမှာငါးမိုင်ခန့် ရှည်လျားကြောင်းနှင့် တောခရီးလမ်းတစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှုများလည်း ဖြစ်ပေါ်ကြောင်း၊ယာဉ်ပိတ်ဆို့မှုကြောင့် တောင်ပေါ်မရောက်ခဲ့ကြသူများလည်း ရှိကြောင်း သိရသည်။

ပြီးခဲ့သည့်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းတွင် ထင်ရှားကျော်ကြားလာသော တောင်ပုလတောင် ဘုရားဖူး အပန်းဖြေခရီးစဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အစပ်ကြား တည်ရှိပြီးပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာ ပိတ်ချင်းမြောင်လှိုဏ်ဂူသွား ကားလမ်းဘေးကတစ်ဆင့် ငါးမိုင်ခန့် ဆက်သွားရသော ခရီး ဖြစ်ကြောင်း သိရသည်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *