၁၀၊အောက်တိုဘာ ၂၀၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်လည်းဖြစ် ရင်းနှီးမြှပ်နှံမှုကော်မရှင်နှင့်နိုင်ငံခြားငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌလည်းဖြစ်သူ ဦးမိုးမြင့်ထွန်းကို ထောင်ဒဏ်တစ်သက် စီရင်လိုက်ကြောင်း ယနေ့ညသတင်းတွင်ကြေညာသည်။
သူ့ကို ရာထူးများမှရပ်ဆိုင်းကာ စစ်ခုံရုံးဖြင့် စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။
ထောင်တစ်သက်ချခဲ့ခြင်းက စီးပွားရေးဆိုင်ရာမူဝါဒများအား ဆန့်ကျင်ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာအကျိုးအမြတ်များအားရယူခဲ့ကြောင်း၊ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့်ဦးတည်ချက်များအားသွေဖယ်၍နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်ခဲ့ခြင်း၊စားအုန်းဆီများတင်သွင်းရန် သတ်မှတ်ရာခိုင်နှုန်းအလိုက် ကျသင့်ဒေါ်လာများအား ဗဟိုဘဏ်က ရည်ညွှန်းဈေးဖြင့် ထုတ်ရောင်းပေးခဲ့သည်ကို ဈေးတင်ရောင်းချနေခြင်းများအား သိလျှက် အရေးယူမှုအားနည်းခဲ့ခြင်း၊ပါတ်သက်ဆောင်ရွက်ခြင်း၊ကုမ္ပဏီများမှ တန်စိုးလက်ဆောင်ယူခြင်း၊စစ်စည်းကမ်းဖောက်ဖျက်ခြင်းစသည်တို့ လုပ်ဆောင်ခဲ့သည်ဟု သတင်းထုတ်ပြန်သည်။
၎င်းနှင့်အတူ ဗိုလ်မှူးချုပ်ရန်နောင်စိုးလည်း ပါပြီး ထောင်တစ်သက်ချခံခဲ့ရသည်ဟု သိရသည်။ဗိုလ်ချုပ်ရန်နောင်စိုးသည် ဦးမိုးမြင့်ထွန်း၏ လက်ထောက်ဖြစ်သည်။၎င်းတို့နှစ်ဦးသည် နှစ်စဉ်ကာလနှင့်ညီမျှသည့် တစ်သက်တစ်ကျွန်းပြစ်ဒဏ် ခံကြရမည်ဟုသိရှိရသည်။