ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးရှင်းစစ်ဆင်ရေးကြောင့် လူ၁၆၀၀နီးပါး ဆုံးရှုံးနစ်နာမှု ကြုံရဖို့ရှိ

ဘူကစ် တီမာ၊ စက်တင်ဘာ ၂၅

ဒုတိယကမ္ဘာစစ်လက်ကျန်  ကီလိုဂရမ် ၁၀၀  အလေးချိန်ရှိတဲ့ ဗုံးတစ်လုံး ကို စင်ကာပူနိုင်ငံ ဘူကစ် တီမာ လမ်းက  Myst ဆိုတဲ့ ကွန်ဒိုမီနီယံ ဆောက်လုပ်ရေးလုပ်ငန်းခွင်  တစ်ခုမှာ ရှာဖွေတွေ့ရှိခဲ့တာကြောင့် ဗုံးရှင်းလင်းရေးလုပ်တဲ့အချိန်အတွင်း လူပေါင်း ၁၆၀၀ လောက် နစ်နာဆုံးရှုံးမှုတွေ ကြုံရနိုင်တယ်လို့ သိရပါတယ်။

ဗုံးရှင်းလင်းရေးလုပ်တဲ့ကာလအတွင်း အထက် ဘူကစ် တီမာ နဲ့ အနီးတစ်ဝိုက်မှာ နေထိုင်၊ အလုပ်လုပ်ကိုင်နေတဲ့ သူတွေ အားလုံး နေရာကနေထွက်ပေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကီလိုဂရမ် ၁၀၀ အလေးချိန်ရှိတဲ့ ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးကို ဘူကစ် တီမာက  MRT ဘူတာနားမှာ တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်နေတဲ့  Myst ကွန်ဒိုမီနီယံ လုပ်ငန်းခွင်မှာ အခု သီတင်းပတ်က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

စစ်တပ် (SAF)  ဗုံးရှင်းလင်းရေး ကျွမ်းကျင်သူတွေက အန္တရာယ်မရှိနိုင်ဘူးလို့  အကဲဖြတ်ပြီး စက်တင်ဘာ ၂၆ရက် အင်္ဂါနေ့ မနက် ၈ နာရီ ကနေ ည ၇ နာရီကြားမှာ ရှင်းလင်းရေးလုပ်ငန်းကို လုပ်ဆောင်မယ်လို့ သိရပါတယ်။

ထွက်ခွာပေးရမယ့်နေရာတွေထဲမှာ လူနေ ကွန်ဒို အဆောက်အဦတွေ၊ ဈေးဆိုင်ခန်းတွေ အပါအဝင် အလယ်တန်း ကျောင်း တစ်ကျောင်းလည်း ပါဝင်နေပြီး အင်္ဂါနေ့ နံနက် ၈ နာရီမတိုင်မီ ထွက်ခွာဖို့နဲ့ ထွက်ခွာတဲ့အခါ အခန်း၊အဆောက်အဦ စတာ တွေရဲ့ ရှေ့တံခါးမှာ စာရွက်စိမ်းလေး ကပ်ထားဖို့လည်း ညွှန်ကြားထားတယ်လို့ သိရပါတယ်။

Ref: CNA

ပုံစာအညွှန်း။ တွေ့ရှိခဲ့တဲ့ ဗုံးနဲ့ တွေရှိခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် ကို တွေ့ရပုံ

Feature Image Credit: SPF, Yi Zhou)

Visited 20 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *