ဒုဋ္ဌဝတီမြစ်ထဲမှာ ရေနစ်သူအမျိုးသားသုံးယောက်ကိုမြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့(မန္တလေးတိုင်း ရုံး)က အသက် ရှင် လျှက် ပြန်ကယ်နိုင်

ရေနစ်တဲ့ လူငယ်တစ်ယောက်ကို ကယ်ဆယ်လာစဉ်
ဓါတ်ပုံ။ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်း ရုံး)

မန္တလေး၊ မတ် ၅

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)ရဲ့အရေးပေါ်တုန့်ပြန်ကယ်ဆယ် ရေး (ယာ ယီ)စခန်းကို ရွှေစာရံ ဘုရားပွဲတော်မှာ ဖွင့်လှစ်ပေးထားတာဖြစ်မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊ရွှေစာရံဘုရားပွဲတော်ကို လာရောက် လည်ပတ်ရင်း ဒုဋ္ဌဝတီမြစ်ထဲ ရေဆင်းချိုးထဲ အမျိုးသားသုံးယောက်ဟာ မတ်လ၅ရက်က ရေနစ်ခဲ့တာကြောင့် အရေး ပေါ်တုန့်ပြန်ကယ်ဆယ်ရေး (ယာယီ)စခန်းက တာဝန်ရှိသူတွေက အသက်ရှင်လျှက်ပြန်ကယ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်း ရုံး)ရဲ့အရေးပေါ်တုန့်ပြန်ကယ်ဆယ်ရေး (ယာယီ)စခန်းကိုရွှေစာရံဘုရားပွဲ တော်မှာ ဖွင့်လှစ်ပေးထားတာကြောင့် အခုလို အသက်ရှင်လျှက် အချိန်မီပြန်ကယ်ဆယ်ပေးနိုင်ခဲ့တာပါ။

ဒုဋ္ဌဝတီမြစ်ထဲမှာ ရေနစ်ခဲ့တဲ့အမျိုးသားသုံးယောက်ကို ကယ်ဆယ်ခဲ့ရာမှာ မွန်းလွဲ၂နာရီ၅မိနစ်က ဒုဌဝတီ မြစ်ကမ်းအနီးမှာ အမျိုးသားတစ်ယောက်ကို လည်းကောင်း၊မွန်းလွဲ၂နာရီ၁၀မိနစ်မှာ ဒုဌဝတီ မြစ်အလယ်မှာ အမျိုးသားတစ်ယောက်ကို လည်း ကောင်း၊မွန်းလွဲ၂နာရီ၃၀မိနစ်မှာ ဒုဌဝတီ မြစ်အလယ်မှာ အမျိုးသားတစ်ယောက်ကို လည်းကောင်း အသီးသီး အရေး ပေါ် တုန့်ပြန် ကယ်ဆယ်ရေး (ယာယီ) စခန်းက ကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်ပေးနိုင်ခဲ့တာပါ။

မှတ်တမ်းဓါတ်ပုံများ။ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်း ရုံး)

Leave a Reply

Your email address will not be published. Required fields are marked *