ဆာပေါ်လို၊ ဒီဇင်ဘာ ၂၆
လက်ရှိ ဘရာဇီးလ်လက်ရွေးစင်အသင်းအခြေအနေကိုသာ အဖေသိသွားရင် အရမ်းဝမ်းနည်းမှာ သေချာတယ်လို့ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဘရာဇီးဂန္ထဝင် ဘောလုံးသမားကြီးပီလီရဲ့ သားဖြစ်သူ အီဒင်ဟိုက ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က ကွယ်လွန်ခဲ့တဲ့ ဖခင်ရဲ့ ပထမဆုံးနှစ်ပတ်လည်နေ့မတိုင်မီ အင်တာဗျူးတစ်ခုမှာ AFP ကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ ဘရာဇီးအသင်းဟာ ၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်ဖို့တောင် အတော်ကို ရုန်းကန်နေရပြီး လက်ရှိမှာလည်း တောင်အမေရိကဇယားရဲ့ အဆင့်ခြောက်နေရာကို ရောက်နေပြီး တိုက်ရိုက်ခြေစစ်ပွဲအတွက် အောက် ဆုံးအဆင့်နေရာလည်း ဖြစ်ပါတယ်။
အသင်းမှာလည်း အဓိက ကစားသမားတွေ ဒဏ်ရာပြသနာရှိနေတာကလည်း အဓိက ထိုးနှင်ချက်ဖြစ်စေခဲ့ပြန်ပါတယ်။ အခုဆို ကြယ်ပွင့်ကစားသမားနေမာလည်း အသင်းမှာ မကစားနိုင်ခဲ့ပြန်ပါဘူး။ ဒဏ်ရာပြသနာကြောင့်ပဲ ဖြစ်ပါတယ်။
“ဒီအကျပ်အတည်းက နေ့ချင်းညချင်း မပေါ်ဘူး၊ ကြီးကြီးမားမား ရှုပ်ထွေးတဲ့ ပြဿနာတွေ ရှိတယ်” လို့ ပီလီရဲ့ သားသမီး ခုနှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အသက် ၅၃ နှစ်အရွယ် အီဒင်ဟို က ပြောဆိုခဲ့ပါတယ်။
“ကျွန်တော်တို့မှာ ကျဆင်းမှုတစ်ခုကို ကြုံတွေ့နေရပါတယ်… ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ကစားသမားတွေ ရှိနေတုန်းပဲ၊ အရင်ခေတ်ကထက် ကျွန်တော်တို့မှာ အဆင့်အတန်းမြင့်တဲ့ ကစားသမားတွေ ရှိနေတယ် ။” ဒါပေမယ့် ရလဒ်က ကောင်းမ လာပါဘူး လို့ ပြောဆိုလိုက်တဲ့အကြောင်း သိရပါတယ်။
Ref: AFP/ga
ပုံစာ။ ဘရာဇီးဘောလုံး ဂန္ထဝင် ပီလီရဲ့ ထင်ရှားတဲ့ ဂိုးသွင်းဟန်
Feature Image Credit: El Arte Del Fotbal



