
Photo Credit: aa.com
ဝါရှင်တန် ၊ အောက်တိုဘာ ၇
ကမ္ဘာမှာ လက်ရှိကြုံတွေ့နေရတဲ့နျူကလီးယားအန္တရာယ်ဟာ ၁၉၆၂ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ အရမ်း အန္တရာယ်ကြီးလွန်းတဲ့ ကျူးဘားဒုံးကျည်အကျပ်အတည်းကို ကျော်လွှားသွားနိုင်ခဲ့ပြီး နောက်ပိုင်း အမြင့်ဆုံးအဆင့်ကို ရောက်နေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောလိုက်ပြီဖြစ်ပါတယ်။
ယူကရိန်း စစ်ဆင်ရေးတွေမှာ အဆင်မပြေမှုတွေ ကြုံခဲ့ရတဲ့နောက် ရုရှားက နည်းဗျူဟာမြောက် နျူကလီးယား လက်နက်တွေ ထုတ်သုံးနိုင်တယ်ဆိုတဲ့ ကိစ္စဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်က နောက်ပြောင်ပြောနေတာ မဟုတ်ဘူး လို့ ဘိုင်ဒင်က ပြောပါတယ်။
ပူတင်ရဲ့ နျူကလီးယားနဲ့ ခြိမ်းခြောက်တဲ့ ကိစ္စကို အလေးအနက်ထားသင့်တယ်လို့ အမေရိကန်နဲ့ အီးယူတို့က အရင်ကတည်းက ပြောထားပြီးလည်း ဖြစ်ပါတယ်။
ဆိုခဲ့သလို မော်စကိုကနျူကလီးယား အရိပ်အမြွက်ပြနေပေမယ့်လည်း ရုရှားအနေနဲ့ နျူလက်နက်အသုံးပြုဖို့ရာ ပြင်ဆင်နေတဲ့ အရိပ်အယောင်မတွေ့ရသေးတဲ့အကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် ဆာလဗန်က ပြီးခဲ့သည့်သီတင်းပတ်မှာ ပြောကြားခဲ့ပါတယ်။
ယူကရိန်းကလည်း ဖေဖော်ဝါရီ ၂၄ ရက်က ရုရှားတွေ ကျူးကျော်လာပြီးတဲ့နောက် သိမ်းပိုက်ထားတဲ့ သူတို့ပိုင် ယူကရိန်းနယ်မြေလေးခု ကို ပြန်လည် သိမ်းယူခဲ့ပြီးဖြစ်ပါတယ်။
ရုရှားတွေ အနေနဲ့ကလည်း စစ်မြေပြင်မှာ ထင်တိုင်းမပေါက်တော့ဘူးဆိုရင် အစုလိုက်အပြုံလိုက် သေကြေ ပျက်စီး စေနိုင်တဲ့ အဖျက်လက်နက်တွေကို အသုံးချနိုင်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ လပေါင်း များစွာ ကတည်းက သတိပေးခဲ့ပြီးလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက် သောကြာနေ့က ရုရှားခေါင်းဆောင်ပူတင် ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ အမေရိကန်တွေက ဒုတိယကမ္ဘာစစ်အဆုံးသတ်ကာလမှာ ဂျပန်နိုင်ငံကိုနျူကလီးယားလက်နက်သုံးပြီး စံနမူနာ တစ်ခု ဖန်တီးခဲ့တယ်လို့ ထည့်ပြောခဲ့တဲ့အကြောင်း ရုရှားနိုင်ငံက သတင်းအယ်ဒီတာ စတိ့ဖ် ရိုဆင်ဘတ်ခ် က ပြောပါတယ်။ ဆက်ပြီး အဲ့ဒိနမူနာ လိုပဲ ရုရှားပိုင်နက်ကို ကာကွယ်ဖို့ သမ္မတပူတင်က နည်းလမ်းအားလုံးကို သုံးမယ်လို့ ပြောတာဖြစ် တယ်လို့လည်း ခြိမ်းခြောက်ပြောဆိုပါတယ်။
“သမ္မတဟောင်းကနေဒီ ကြုံခဲ့ရတဲ့ ကျူးဘားဒုံးကျည်အကျပ်အတည်းနောက်ပိုင်း ဒီလို နီးကပ်တဲ့ အလားအလာကို ကျွန်တော်တို့ မရင်ဆိုင်ခဲ့ရပါဘူး။” လို့ သမ္မတဘိုင်ဒန်က ပြောပါတယ်။
၁၉၆၂ ခုနှစ်မှာ အမေရိကန် သမ္မတ ဂျွန်အက်ဖ် ကနေဒီ နဲ့ဆိုဗီယက်ယူနီယံ ခေါင်းဆောင် နီကီတာ ခရူးယှက် လက်ထက် ကျူးဘားနိုင်ငံမှာ ရုရှားနျူကလီးယားဒုံးကျည်တွေ ဖြန့်ကျက်ချထားခဲ့တဲ့ ပြဿနာက ကမ္ဘာ့ကုလသမဂ္ဂဇာတ်ခုံမှာ အတွေထွထွေအတွင်းရေးမှူးချုပ်ဦးသန့်က နှစ်ဘက်ပြေလည်အောင် တော်တော်ညှိုနိူင်းပေးခဲ့ရတာလည်း ဖြစ်ပါတယ်။
Ref: BBC

Photo credit: Mikhail Svetlov / Getty Images