ဒိုင်နာယာဉ်ကို ဟိုက်ဂျက်စ်ကဝင်တိုက်၍ အမျိုးသား၂ဦးဒဏ်ရာရမှု အင်းစိန်တွင် ယနေ့ ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ယနေ့ မေလ၁၂ရက် နံနက်၇နာရီ ၂၀မိနစ်က ဝန်ထမ်းကြိုပို့ ဒိုင်နာယာဉ်ကို ဟိုက်ဂျက်စ်က နောက်မှ ဝင်တိုက်၍ အမျိုးသား၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့က သိရသည်။

မိုးရွာသွန်းနေစဉ် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက် ၊သီရိမင်္ဂလာလမ်း၌ ဝန်ထမ်းကြိုပို့ သည့် ဒိုင်နာယာဉ်က မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်သော ဟိုက်ဂျက်မှ နောက်ကနေဝင်တိုက် မိခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ၂ဦးကို အင်းစိန်ဆေးရုံသို့ အဆိုပါလူမှုကူညီရေးအသင်း လူနာတင်ယာဉ်ဖြင့်ပို့ဆောင်ပေးခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့က သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *