ဒိုက်ဦးမြို့နယ်မှာ ပျောက်ဆုံးသွားတဲ့ ၃နှစ်အရွယ်ကလေးငယ်ကို သေဆုံးလျက်တွေ့ရှိ

ဖေဖော်ဝါရီ၊၂၇

ပဲခူးတိုင်း၊ဒိုက်ဦးမြို့နယ် ရှမ်းစုကျေးရွာက ပျောက်ဆုံးနေတဲ့၃နှစ်အရွယ်ကလေးငယ်အား ပျောက်ဆုံးပြီး၃ရက်အကြာဒဏ်ရာတွေနဲ့ ရေကန်တခုထဲမှာ သေဆုံးနေတဲ့အနေအထားနဲ့ ပြန်တွေ့ခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူဆီက သိရပါတယ်။

ကလေးငယ်ကိုဦးခေါင်းဒဏ်ရာတွေနဲ့အိမ်အနီးအရှေ့တောင်ဘက် ရေကန်တခုထဲက

နေသေဆုံးနေတာကို သည်ကနေ့မနက်ကတွေ့ရှိခဲ့တယ်ဆိုပြီး မိသားစုဝင်တွေက အသိပေးလာပါတယ်။

“မချိမဆန့် dead body ဒီအရွယ်နဲ့ ဒီဒဏ်ရာ မျှတရဲ့လားကွာနောက်ဆုံးခရီး ဒီနေ့ဘဲ စီစဥ်လိုက်ရတော့တယ် ရှမ်းစုသုဿာန်”ဆိုပြီး လးပျောက်ကြော်ညာတင်ခဲ့တဲ့ ဖခင်ဖြး်သူရဲ့ဖေ့ဘွတ်စာမျက်နှာကနေအသိပေးထားပါတယ်။

ကလေးဟာ ဖေဖော်ဝါရီလ၂၄ရက်နေ့ ညနေ၅နာရီ အချိန်က နေအိမ်ကနေပျောက်ဆုံးခဲ့တာကြောင့်လးမူကွန်ယက်ပေါ်မှာ ရှဲပေးသူ၊ကလေးနဲ့ပတ်သက်ပြီး ဗေဒင်တွက်ပေးတာတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

“ရေထဲတွေ့ပေမယ့်ရေသေပါကားလမ်းကူးရတဲ့နေရာမို့ကလေးတစ်ယောက်တည်းဘယ်လိုမှမရောက်နိုင်တဲ့နေရာပါရေလမ်းကြောင်းမရှိပါဘူး။ အိမ်နဲ့ အနည်းငယ်ဝေးပါတယ်အိမ်ရဲ့အရှေ့တောင်အရပ်မှာပါပဲ”လို့ကလေးရဲ့အဒေါ်ကပြောပါတယ်။

ဘာကြောင့် သေဆုံးနေတာကိုမသိရသေးပေမယ့် ကလေးငယ်ရဲ့အဒေါ်ကကလေးငယ်အားရေကန်ထဲကဆယ်ယူနေချိန် Liveလွင့်ပြီး ကလေးငယ်ဟာအိမ်အနီးလမ်းကူးပြီးသာ သွားရတဲ့ရေကန်ထဲမှာ ဒဏ်ရာနဲ့ပုတ်နေတဲ့အနေထားမို့ မပြတော့ဘူးပြုပြီး ငိုယိုအသိပေးထားပါတယ်။

ပျောက်ဆုံးတဲ့ကလေးငယ်ဟာ တယောက်ထဲရေကန်ရှိရာနေရာကို လမ်းကူးပြီးသွားတတ်တဲ့အနေအထားမဟုတ်လို့ တယောက်ယောက်ကခေါ်ယူပြီးသတ်သွားတာလား၊ ကားတိုက်မိလို့ရေထဲပစ်ချအလောင်းဖျောက်ချခံရတာလား၊ မိသားစုနဲ့ရန်ညိုးရှိလို့ သတ်တာလားဆိုပြီး လူမူကွန်ယက်ပေါ်ကနေ ထင်ကြေးပေးနေကြပါတယ်။

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *