ဒိန်းမတ်အစားအစာအေဂျင်စီက စပ်လွန်းတဲ့ အရသာရှိတဲ့ ကိုရီးယားခေါက်ဆွဲထုပ်တွေကို ဈေးကွက်ကနေပြန်သိမ်း

ကိုပင်ဟေဂန်၊ ဇွန် ၁၂

ဒိန်းမတ်နိုင်ငံတစ်ဝန်း ရောင်းချဖို့ ဖြန့်ဖြူးထားတဲ့  တောင်ကိုရီးယားကုမ္ပဏီ Samyang က ထုတ်လုပ် တင်သွင်ထားတဲ့ အစပ်အရသာပြင်းတဲ့ ခေါက်ဆွဲ ထုတ်ကုန်အများအပြားကို ပြန်လည်သိမ်းဆည်းခဲ့ပြီး ခေါက်ဆွဲထုတ်တွေထဲမှာပါတဲ့ “capsaicin”  လို့ခေါ်တဲ့ ငရုပ်သီး၊ငရုပ်ကောင်းနဲ့ အထုံအရသာ ပမာဏဟာ စားသုံးသူတွေကို အဆိပ်သင့်စေနိုင်တယ်လို့ ဒိန်းမတ်အစားအစာအေဂျင်စီက ပြောပါတယ်။

သိမ်းဆည်းလိုက်တဲ့  ခေါက်ဆွဲထုတ်တွေထဲမှာပါတဲ့ တောက်လောင်တဲ့အရသာ သုံးမျိုး က Buldak 3x Spicy ၊ Hot Chicken၊ 2x Spicy & Hot Chicken နဲ့ Hot Chicken Stew စတဲ့ အပူ၊အစပ် နဲ့ အထုံ တို့ပဲ ဖြစ်ပါတယ်။

ဒိန်းမတ်အစားအစာအေဂျင်စီက  စားသုံးသူတွေကို စွန့်ပစ်ဖို့ နဲ့ သက်ဆိုင်ရာတွေက ဈေးကွက်ကနေ ပြန်သိမ်းဖို့ ဇွန်လ ၁၁ရက် အင်္ဂါနေ့က သတိပေးချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ထုတ်လုပ်သူ Samyang ဘက်ကတော့ အစားအသောက် အရည်အသွေးမှာ ပြဿနာမရှိဘူးလို့ ပြောပါတယ်။

“ဒိန်းမတ် အစားအသောက် အာဏာပိုင်တွေက သူတို့ရဲ့ အရည်အသွေး ပြဿနာကြောင့် မဟုတ်ဘဲ စပ်လွန်းတာကြောင့် ထုတ်ကုန်တွေကို ပြန်သိမ်းခဲ့တာကို နားလည်ပါတယ်” လို့ ကိုရီးယား  ကုမ္ပဏီက BBC ကိုပြောပါတယ်။

ဆက်ပြီး “ထုတ်ကုန်တွေကို ကမ္ဘာအနှံ့ တင်ပို့နေပါတယ်။ ဒါပေမယ့် ဒီလို အကြောင်းပြချက်နဲ့ ခုလို ပြသနာ ပေါ်တာ  ဒါပထမဆုံးအကြိမ်ပဲ” လို့လည်း ပြောပါတယ်။

လတ်တလောမှာတော့ ဒိန်းမတ်ဘက်က ဒိထက်ပိုတဲ့ အရေးယူမှုတွေ ရှိလာမယ်၊မရှိဘူးဆိုတာကိုတော့ တိတိကျကျ မသိရသေးဘူးလို သိရပါတယ်။

Ref:BBC

ပုံစာ။ ပြသနာတက်နေတဲ့ ကိုရီးယားခေါက်ဆွဲခြောက်ထုတ်ကို တွေ့ရပုံ

Feature Image credit: SAMYANG

Visited 11 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *