ဒလရဲစခန်းမှ အချုပ်ခေါင်မိုးကိုဖောက်ထွက်ပြေးသွားသည့် အချုပ်သား ၆ ဦး ထဲမှ ၅ ဦး ဖမ်းမိ

၂၇ စက်တင်ဘာ၊၂၀၂၃

ဒလရဲစခန်းမှ အချုပ်ခေါင်မိုးကိုဖောက်ထွက်ပြေးသွားသည့် အချုပ်သား ၆ ဦး ထဲမှ ၅ ဦး ဖမ်းမိကာ တစ်‌ဦးကို ပိုက်စိပ်တိုက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ၂၆ ရက်ကအဆိုပါဒလရဲစခန်းမှ အချုပ်သား ၆ ဦး ထွက်ပြေးခဲ့ပြီး ယနေ့ စက်တင်ဘာလ ၂၇ ရက် နံနက်အ‌စောပိုင်းက ၄ ဦး ၊ နံနက် ၁၁ နာရီကျော်က တစ်ဦး ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“၆ ယောက် ထွက်ပြေးခဲ့တာ ဟုတ်တယ်။ ၄ ယောက်က နှစ်ကြီးသမားတွေ၊မူးယစ်မှုတွေဖြစ်ပါတယ်၊အခုမနက် ၁၁ နာရီကျော်တဲ့ထိ ၅ ယောက်မိပြီးပြီ “ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

နစကသတင်းထုတ်ပြန်ရေးအဖွဲ့၏ထုတ်ပြန်ချက်တွင်ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ်ချိန်ခန့်က ဒလမြို့မရဲစခန်းမှ တရားခံ ၆ ဦးသည် အချုပ်ခန်းခေါင်မိုးသစ်သားတန်းများကို ခွာ၍ မိုးကာထားသော သွပ်ပြားများကိုလှန်ကာ ထွက်ပြေးသွားခဲ့ကြောင်းနှင့် ထွက်ပြေးသွားသူများအနက်မှ တရားခံ ၄ ဦးအားပြန်လည် ဖမ်းဆီးရမိခဲ့ ကြောင်းဖော်ပြထားသည်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *