ရန်ကုန်တိုင်းဒေသကြီး၊ဒလမြို့နယ်၊ မြို့မရဲစခန်းက အချုပ်ခန်းမှာ စက်တင်ဘာလ၂၆ရက်မနက်၅နာရီခန့်က အချုပ် သားများ ထွက်ပြေးလွတ်မြောက်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဖြစ်စဥ်မှာ စက်တင်ဘာလ၂၆ရက်မနက်၅နာရီခန့်က ဒလမြို့နယ်၊ မြို့မရဲစခန်းက အချုပ်ခန်းရဲ့ ခေါင်မိုးကို ဖောက်ပြီး အချုပ်ကျခံနေရတဲ့ အချုပ်သား၆ဦး ထွက်ပြေးလွတ် မြောက်သွားခဲ့တယ်လို့ သိရပါတယ်။
ထွက်ပြေးလွတ်မြောက်သွားတဲ့အချုပ်သားတွေထဲမှာ နှစ်ကြီး ပြစ်ဒဏ်များ ချခံထားရပြီး အမှုရင်ဆိုင်နေဆဲ အချုပ် သား၂ဦးပါဝင်တယ်လို့ သိရပါတယ်။
လတ်တလောအချိန်မှာတော့ ထွက်ပြေးသွားတဲ့ အချုပ်သားတွေကို ပြန်လည်ဖမ်းဆီးနိုင်ရေးကို စီစဥ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Visited 1 times, 1 visit(s) today