ရန်ကုန်တိုင်းဒေသကြီး၊ဒလမြို့နယ်၊ ကမာကဆစ်ရပ် ကွက်၊ ချယ်ရီလမ်းက နေအိမ်တစ်အိမ်မှာ TVပလပ်ခုံအပူလွန်ရာကနေ မီးလောင်မှုတစ်ခုဒီဇင်လ၁၉ရက်နေ့ ညနေပိုင်းကဖြစ်ပွားခဲ့ရတယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။

မီးလောင်မှုဖြစ်ပွားရာကို ဒလမြို့နယ်အတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များ၊မီးသတ်ယာဉ်များနဲ့ ရေငယ်ယာဥ်များ ထွက်ခွာမီးငြှိမ်းသတ်ပေးခဲ့ရာ မီး လောင်မှုစတင်ဖြစ်ပွားပြီး ၁၅မိနစ်အကြာမှာ မီးငြိမ်းသွားခဲ့တယ်လို့သိရပါတယ်။
မီးလောင်မှုကြောင့် နေအိမ်၆လုံးမီးလောင် ဆုံးရှုံးခဲ့ရပြီး မီး လောင်မှုစတင်ဖြစ်ပွားခဲ့ အသက်၆၆နှစ်အရွယ်နေ အိမ်ပိုင် ရှင်အမျိုးသားကို ဒလမြို့မရဲစခန်းမှာ ပုဒ်မ ၂၈၅နဲ့ အမှုဖွင့်အရေးယူထားတယ်လို့လည်း သိရပါတယ်။
Visited 24 times, 1 visit(s) today



