ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊အမှတ်(၁၁၈)ရပ်ကွက်၊ဦးမြူလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာ ဇူလိုင် လ၂၁ ရက်နေ့မနက်၇နာရီခွဲက ရာအိမ်မှူး တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အသတ်ခံခဲ့ရတဲ့ရာအိမ်မှူးဟာ အသက် (၃၅)နှစ်အရွယ်ဦးကျော်လွင် ဆိုသူဖြစ် ပြီး တစ်ဦးတည်းဆိုင်ကယ်စီးနင်းလာစဉ် နောက်မှ ဆိုက်ကယ်နဲ့လိုက်လာတဲ့ အ မည်မသိအမျိုးသားနှစ်ယောက်က သေ နတ်နဲ့ပစ်တာကို ခံခဲ့ရတာပါ။
ရာအိမ်မှူးဦးကျော်လွင်ဟာ နဖူးကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်တို့နဲ့ အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးသွားခဲ့ရ တာပါ ။