- Alphardယာဥ်ပေါ်ပါ ယာဥ်မောင်းအမျိုးသားသေဆုံးခဲ့ရ
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့ နယ်၊အမှတ်(၂)လမ်းမပေါ်မှာ မေလ၁၉ရက်ည၁၁ နာရီ၄၇မိနစ်က ဆီဘောက်ဆာယာဥ်နဲ့Alphardယာဥ်တို့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး Alphardယာဥ်ပေါ်ပါ ယာဥ်မောင်းအမျိုးသားသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ကားနှစ်ဘယ်လိုတိုက်မိကြတာလဲတော့ မသိဘူး Alphardကတော့ တစ်စီးလုံးရစရာမရှိအောင် ကြေမွသွားပြီး ယာဥ်မောင်းလည်း ယာဥ်တိုက်မှုဖြစ်တဲ့နေရာမှာတင် သေသွားတယ်”လို့ဒေသခံတစ်ဦးက ပြောပါတယ်။ယာဥ်တိုက်မှုဖြစ်ပွားရာကို မီးသတ်တပ်ဖွဲ့ဝင်များနဲ့လူမှုကူညီရေးအသင်းသားများ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ပြီး သေဆုံးသူရဲ့ရုပ်အလောင်းကို ဆေးရုံပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Visited 49 times, 1 visit(s) today



