ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(တောင်ပိုင်း)၊စက်မှုဇုန် ၁ ၊စစ်တွေလမ်းနဲ့ထား ဝယ် လမ်းထောင့်ရှိ စက်ရုံတစ်ရုံမှာ ဇွန်လ၁၄ ရက်မနက်၉နာရီလောက်က လုံခြုံရေးဝန် ထမ်းအမျိုးသားရဲ့ လည်ပင်းကို ကြိုးနဲ့
ညှစ်သတ်သွားပြီး စက်ရုံအတွင်းက ကြေး နန်း ဝါယာကြိုးများကို ခိုးယူမှု ဖြစ်ပွားခဲ့ တယ်လို့ စက်ရုံနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
သေဆုံးသွားတဲ့ လုံခြုံရေးဝန်ထမ်းမှာ ခြေ ထောက်တစ်ဖက်ဆုံးရှုံးထားသူတစ်ယောက်ဖြစ်ပြီး ရုပ်အလောင်းကို ရှင်သန်ခွင့်လူမှု ကူညီရေးအသင်းက မော်တော်ယာဉ်နဲ့ စံပြဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရ
ပါတယ်။
ဓာတ်ပုံ – ရှင်သန်ခွင့်လူမှုကူညီရေးအသင်း