ဒဂုံမြို့သစ်(တောင်ပိုင်း)မှာ မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ်၊ ၇၂ရပ်ကွက်၊ ပိတောက်လမ်းမှာ ဇန်နဝါရီလ၁၂ ရက်မနက်၃နာရီ၁၈မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့အသိုင်း အဝိုင်းက သိရပါတယ်။

မီးလောင်မှုကြောင့် သွပ်မိုးထရံကာ(၁)ထပ်နေအိမ်သုံးလုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို စိစစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားရာကို ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်က မီးသတ်စခန်းများမှ မီးသတ်ယာဉ်များ၊ရေသယ်ယာဥ်များနဲ့ သန္ဓေနဲ့အရန် မီးသတ်တပ်ဖွဲ့ဝင်များက သွား ရောက်မီးငြှိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *