ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ်၊ အမှတ်(၂၄)ရပ်ကွက်၊ မြိတ်လမ်းပေါ်မှာ ဒီဇင် ဘာလ၂၀ရက်ည၉နာရီကျော်က Toyota Wish ယာဥ်တစ်စီး မီး လောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မြင်ရသလောက်တော့ ကားတစ်စီးလုံးတော့ မီးမလောင်သေးဘူး။ကားရှေ့အင်ဂျင်ခန်းပဲ မီးလောင်နေတာတွေမိတယ်။မီးသတ်ကလည်း အချိန်မီရောက်လာပြီး ကားရှေ့ခန်းမီးလောင်နေတာကို ငြှိမ်းပေးခဲ့ပါတယ်” လို့ မြို့ခံတစ်ဦးကပြောပါတယ်။
ကားမိးလောင်မှုဖြစ်ပွားရာကို ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မီးသတ်စခန်းက မီးသတ်တပ်ဖွဲဝင်များ၊မီးသတ်ယာဉ်များနဲ့ မီးငြှိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။
Visited 16 times, 1 visit(s) today



