ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က သုခဒဂုံ ပြည်သူ့အငှားအိမ်ရာမှာ ငှားရမ်းနေထိုင်ခွင့်ရသူများရဲ့ အခန်းနေ ရာများကို မဲစနစ်နဲ့ရွေးချယ်သွားမှာဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ်၊အမှတ်၂လမ်းနဲ့မြို့ပတ်လမ်းက သုခဒဂုံ ပြည်သူ့အငှားအိမ်ရာမှာ ငှားရမ်းနေထိုင်ခွင့်ရသူများရဲ့ အခန်းနေရာများကို မဲစနစ်နဲ့ရွေးချယ်သွားမှာဖြစ်တယ်လို့ အောက်တိုဘာ ၃၁ရက်နေ့က မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊အိမ်ခန်းနေရာအငှားချထားရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ(သုခဒဂုံပြည်သူ့အငှားအိမ်ရာ) က အသိပေးကြေညာချက်တစ်စောင် ထုတ်ပြန်ကြေ ညာခဲ့ပါတယ်။

အခန်းငှားရမ်းခွင့်အတွက် စိစစ်ပြီးတဲ့ မဲနှိုက်ခွင့်ပြုမယ့် လျှောက်ထားသူများစာရင်းနှင့်မဲနှိုက်ရမည့်ရက်များကို သက်ဆိုင်ရာခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးများမှာ ၂-၁၁-၂၀၂၃ရက်မှ ၁၂-၁၁-၂၀၂၃ရက်အထိ အ သိပေး ကြေညာထားမည်ဖြစ်ပြီး မဲနှိုက်ရမယ့် စာ ရင်းမှာ ပါဝင်သူများအနေနဲ့ မိမိတို့ကိုယ်တိုင် မှတ်ပုံတင်မူရင်းနှင့် အိမ်ထောင်စု လူဦးရေစာရင်းများယူဆောင်ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ သတ်မှတ်ထားတဲ့ တိုက်များအလိုက် သတ်မှတ်ရက်များမှာမဲနှိုက်သွားမှာဖြစ်ပြီး မဲနှိုက်ခွင့်ရရှိတဲ့ လျှောက်ထားသူများစာရင်းကို မိမိတို့လျှောက် လွှာတင်ထားတဲ့ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများမှာသွားရောက်စုံစမ်းမေးမြန်းနိုင်တယ်လို့ သိရပါတယ်။

တိုက်ခန်းမဲနှိုက်မယ့် အစီအစဉ်နှင့်ပတ်သက်ပြီး အ သေးစိတ်သိရှိလိုပါက ၀၉-၆၉၉၉၉၈၈၁၄၊ ၀၁-၈၃၇၉၀၆၁ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်တယ်လို့လည်း သိရပါတယ်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က သုခဒဂုံ ပြည်သူ့အငှားအိမ်ရာမှာ ငှားရမ်းနေထိုင်ခွင့်သက်တမ်းမှာ ၅နှစ်ဖြစ်ပြီး အိမ်ခန်းတစ်ခန်းမှာ အိပ်ခန်း၂ခန်းပါဝင်ပြီး ၅၈၈စတုရန်းပေကျယ်ဝန်းကာ ငှားရမ်းခနှုန်းထားမှာ တစ်လကို ၄၆၀၀၀ ကျပ်မှ၆၇၀၀၀ကျပ်အတွင်း ရှိတယ်လို့ သိရပါတယ်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *