ဒဂုံမြို့သစ်(ဆိပ်ကမ်း) (၉၄)ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ထပ်မံ လုပ်ကြံခံရပြန်

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊(၉၄)ရပ်ကွက်၊ယုဇနဥယျာဉ်မြို့တော်၊အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ထပ်မံ လုပ်ကြံခံရကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဇွန်လ ၂၃ ရက် ည ၇ နာရီ ကျော်အချိန်က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) အသက် ၇၇ နှစ်အရွယ် ဦးလှကြည် သည် ယာဉ်အမှတ် YGN -11 4H-2351 Toyota Suf အဖြူရောင်ယာဉ်ဖြင့် အပြင်မှ နေအိမ်သို့ ပြန်လာစဉ် စီ-၁ လမ်းနှင့် စိန်ပန်းလမ်းထောင့်အရောက်တွင် ဆိုင်ကယ်(၁)စီးဖြင့်လာရောက်သော လူ ၂ ဦးကသေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် 4H- 2351 Toyota Surf ယာဉ်၏ ယာဘက် ရှေ့လေကာမှန်ကွဲအက်ပျက်စီးကာ လက်ဝဲဘက် ရှေ့လေကာမှန်တွင် ကျည် ဖောက်ဝင်ရာ ၃ ခု၊ လက်ဝဲဘက် အလယ် လေကာမှန်တွင် ကျည်ဖောက်ဝင်ရာ ၃ ခု တွေ့ရှိခဲ့ပြီး ဦးလှကြည် ၏ လက်ယာဘက် ရင်ဘတ် ထိမှန်ဒဏ်ရာ ၂ ချက်၊ လက်ယာဘက် နံဘေး ထိမှန်ဒဏ်ရာ ၁ ချက်၊ လက်ဝဲရင်ဘတ်ထိမှန်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူ ဦးလှကြည် အား ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း ရရှိဒါဏ်ရာဖြင့် ည ၈ နာရီ ကျော်အချိန်တွင် ကွယ်လွန်ခဲ့ေြကြ၅ မီးနစ်အချိန်ခန့်တွင် သေဆုံးသွားခဲ့ကြောင်း၊ယခုအခါ လုပ်ကြံခဲ့သူများကို ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ တတိယပတ်ကလည်း အဆိုပါ (၉၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်း ရာအိမ်မှူး ဝင်းမြင့်နှင့် ရာအိမ်မှူး ထွန်းထွန်းဝင်းတို့ လုပ်ကြံခံရကာ သေဆုံးခဲ့ကြောင်း သိရသည်။

ပုံစာ-(၉၄)ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးကို မြင်တွေ့ရစဉ်

Leave a Reply

Your email address will not be published. Required fields are marked *