ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့နယ်၊ ပြည် လမ်း၊ ပြည်သူ့ရင်ပြင်ရှေ့မှာမေလ၁၆ရက် နေ့ နံနက်၁၀နာရီက YBS(၁)စီး မီးလောင် မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီး ဌာနကနေ သိရပါတယ်။
မီးလောင်မှုဖြစ်ပွားရာကို အနောက်ပိုင်း ခရိုင်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်း က မီးငြှိမ်းသတ်ယာဉ်(၁)စီးနဲ့စမ်းချောင်း မြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ ထွက်ခွာမီးငြှိမ်းသတ်ပေး ခဲ့ရပါတယ်။
