ဒဂုံတောင်စက်ရုံတစ်ခုတွင် ကော်စေ့ထုတ်စက်အတွင်း ဦးခေါင်းညပ်သွားသည့် အမျိုးသမီးငယ်တစ်ဦး သေဆုံး

ရန်ကုန် ဒဂုံတောင်၊ ၆၄ ရပ်ကွက်ရှိ စက်ရုံတစ်ခုတွင် ကော်စေ့ထုတ်စက်အတွင်း ဦးခေါင်းညပ်သွားသည့် အမျိုးသမီးငယ်တစ်ဦး သေဆုံးသွားမှု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း ရှင်သန်ခွင့်လူမှုကူညီရေးအသင်း က သိရသည်။

အဆိုပါ စက်ရုံမှာ ဝမ်းချူဘောလုံးထုတ်လုပ်မည့် ကော်စက်ရုံဖြစ်ပြီး အလုပ်လုပ်နေသော အမျိုးသမီးငယ်၏ အင်္ကျီစမှာ စက်နှင့်ညပ်ရာကတစ်ဆင့် ဦးခေါင်းပါ ပါသွားခဲ့ကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အင်္ကျီမှာ ဖဲပြားလုပ်တဲ့ ကြိုးစက စက်နဲ့ ညပ်ပြီး အဲဒီကနေ မတော်တဆ ဖြစ်သွားခဲ့တာ၊အသက်က ၁၈ နှစ်ပဲ ရှိပါသေးတယ်”ဟု လိုက်ပါကူညီသူတစ်ဦး ကပြောသည်။

အဆိုပါ သေဆုံးသူ အမျိုးသမီးငယ်၏ ရုပ်အလောင်းကို ရှင်သန်ခွင့် လူမှုကူညီရေးအသင်းယာဉ်ဖြင့် စံပြဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ – ရှင်သန်ခွင့်လူမှုကူညီရေးအသင်း

Visited 12 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *