ထောင်ဒဏ်ကျခံနေရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ကိုဗစ်ကူးစက်ခံနေရ

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၂

နိုင်ငံတော်ရန်ပုံငွေတွေနဲ့ ပတ်သက်ဆက်နွှယ်တဲ့ အကျင့်ပျက်ခြစားမှုနဲ့ထောင်ဒဏ် ၁၂ နှစ် ကျခံနေရတဲ့ မလေးရှား ဝန်ကြီး ချုပ်ဟောင်း နာဂျစ်တစ်ယောက် ကိုဗစ် ၁၉ ကူးစက်ခံနေရလို့ အကျဉ်းထောင်ဆေးရုံမှာ ကုသမှု ခံနေရတယ်လို့ နိုဝင် ဘာ၂ရက်နေ့မှာ သိရပါတယ်။

အသက် ၇၀ အရွယ် နာဂျစ်ရဲ့ အခြေအနေဟာ တည်တည်ငြိမ်ငြိမ်ရှိနေပြီး ဆေးရုံရဲ့  သီးခြားဆောင်မှာ ခွဲထားပြီး ကုသမှုခံယူနေတယ်လို့  သူ့ရဲ့ လက်ထောက် မိုဟာမက် မတ်ခ်ဟေး မတ်ဂရီဘိုင် က ပြောပါတယ်။

အမေရိကန်နဲ့ မလေးရှား စုံစမ်းရေးမှူးတွေဟာ ၂၀၀၉ ခုနှစ်တွင် နာဂျစ်ရဲ့ ဝန်ကြီးချုပ်သက်တမ်းရဲ့ ပထမဆုံးနှစ်မှာ ပူးတွဲ တည်ထောင်ခဲ့တဲ့ ရံပုံငွေဘဏ်( 1MDB) ထဲက အမေရိကန်ဒေါ်လာ ၄ဒဿမ၅ ဘီလီယံနီးပါးကို ခိုးယူခံလိုက်ရပြီး အဲ့ဒီ ပမာဏတွေထဲကမှဒေါ်လာ ၁ ဘီလီယံကျော်ဟာ နာဂျစ်နဲ့ဆက်စပ်နေတဲ့ အကောင့်တွေဆီကို ရောက်သွားတယ်ဆိုတဲ့ ကိစ္စနဲ့  နာဂျစ်ဟာ ပစ်ဒဏ်ကျခံနေရာလို့ သိရပါတယ်။

ဇိမ်ခံပစ္စည်းတွေ အပါအဝင် အိမ်ခြံမြေ၊ ပီကာဆိုပန်းချီကားချပ်၊ ကိုယ်ပိုင်ဂျက်လေယာဉ်၊ စူပါရွက်လှေ၊ ဟိုတယ် တွေ၊ လက်ဝတ်ရတနာတွေနဲ့ ၂၀၁၃ ဟောလိဝုဒ်ရုပ်ရှင် The Wolf of Wall Street စတဲ့ အကြောင်း အရာ အမျိုး မျိုးတွေအတွက် 1MDB ရန်ပုံငွေတွေထဲကနေ အသုံးပြုခဲ့တယ်လို့  စုံစမ်းစစ်ဆေးသူတွေက ဖော်ထုတ် ခဲ့တာ ဖြစ်ပါတယ်။

နာဂျစ်ဟာ ၂၀၂၀ ခုနှစ်မှာ ပထမဆုံးပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးတဲ့နောက်  ပြီးခဲ့တဲ့၂၀၂၃ သြဂုတ်လမှာ မလေးရှား ထိပ်တန်း တရားရုံးက သူ့ရဲ့ နောက်ဆုံးအယူခံကို ပယ်ချခဲ့ပြီး နိုင်ငံရဲ့ သမိုင်းမှာ ပထမဆုံးထောင်ဒဏ်ကျခံရသည့် ၀န်ကြီးချုပ်ဖြစ် လာခဲ့ပါတယ်။

Ref: Reuters/rc

ပုံစာ။ ဝန်ကြီးချုပ်ဟောင်း နာဂျစ်

feature Image Credit: Reuters/Hasnoor Hussain

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *