ထောက်လှမ်းရေးအရာရှိဟောင်း တစ်ယောက်နဲ့ ရဲအရာရှိဟောင်းတစ်ယောက် ဟယ်လိုးဝင်းည ဖြစ်ရပ်ဆိုးနဲ့ ပတ် သက်ပြီး ကိုရီးယားအာဏာပိုင်တွေက ဖမ်းဆီး

သေဆုံးသူတွေအတွက် ဆုတောင်းပေးနေတဲ့ အမျိုးသားကြီးတစ်ယောက်
Photo Credit: Kim Hong Ji/Reuters

ဆိုးလ်၊ ဒီဇင်ဘာ ၆

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ လူအသေအပျောက်များခဲ့တဲ့ ဟယ်လိုးဝင်းည အဖြစ်အပျက်နဲ့ ပတ်သက်တဲ့ အထောက် အထားတွေကို ဖျက်ဆီးခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ရဲအရာရှိဟောင်း နှစ်ဦးကို  ဒီဇင်ဘာ ၅ရက် တနင်္လာနေ့က ဖမ်းဆီးလိုက်တယ် လို့   တောင်ကိုရီးယားအာဏာပိုင်တွေက ပြောပါတယ်။

ဆိုးလ်မြို့တော်အစိုးရရဲ့ ထောက်လှမ်းရေးအရာရှိဟောင်း ပတ်ဆောင်မင် နဲ့ ဟွန်ဆန်ရဲတပ်ဖွဲက ကင်ဂျင်ဟို တို့ကို  ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာလက လူပေါင်း ၁၅၈ ဦးအထိ သေကြေပျက်စီးခဲ့ရတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အဖြစ်ဆိုးကြီးနဲ့ ပတ်သက်ပြီး အပစ်ရှိတယ်လို့ ဆုံးဖြတ်ပြီးတဲ့နောက် ဖမ်းဆီး လိုက်တာလည်း ဖြစ်ပါတယ်။

ဟယ်လိုးဝင်း ပွဲတော်မှာ လူစုလူဝေးတွေ များလာရာက ပရိသတ်တွေ ကြုံခဲ့ရတဲ့ အန္တရာယ်တွေနဲ့ပတ်သက်တဲ့ အရေးပါတဲ့ အစီရင်ခံစာတွေကို ဖျက်ဆီးပစ်လိုက်ဖို့  သူတို့ရဲ့ လက်အောက်ငယ်သားတွေကို  အမိန့်ပေးခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးလိုက်တာလို့ သိရပါတယ်။

အဲ့ဒီ အရာရှိနှစ်ဦးဟာ နိုဝင်ဘာလကတည်းက တာဝန်မယူနိုင်မှု၊ ဖြစ်ရပ်ကို ကိုင်တွယ်ဖြေရှင်းမှုနဲ့ ပတ်သက်ပြီး တရားရုံးတော်က သူတို့ရဲ့ ရာထူးတွေကို ရုတ်သိမ်းပြီး တာဝန်ကနေ ထုတ်ပယ်လိုက်ပြီး ဖြစ်ပါတယ်။

အောက်တိုဘာ ၂၉ ရက် ဖြစ်စဥ်မှာ သေဆုံးခဲ့သူအများစုဟာ  ဟယ်လိုးဝင်းပွဲကို ဆင်နွဲဖို့ သွားခဲ့တဲ့ ဆယ်ကျော်သက်လူငယ်တွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ ကျဉ်းမြောင်းတဲ့ လမ်းတွေထဲမှာ  အများအပြား ပိတ်မိနေခဲ့ပြီး လွတ်မြောက်လာသူနဲ့ မျက်မြင်သက်သေတွေကတော့  ရဲတပ်ဖွဲ့ဝင်တွေက လူစုလူဝေးကို အချိန်နှောင်းသွားတဲ့ အထိ ထိထိမိမိ အဆင်ပြေအောင် စီမံပြီး မထိန်းချုပ်နိုင်ခဲ့ဘူးလို့ ပြောပါတယ်။

ဆိုခဲ့တဲ့ ဝမ်းနည်းစရာ ဘေးအန္တရာယ်ဆိုးကြီး အပြီးမှာတော့  အာဏာပိုင်တွေဟာ မြို့တော်အနှံ့က  ရဲစခန်းတွေနဲ့ ရုံးတွေကို ဝင်ရောက်စီးနင်းကာ အရေးပေါ်ဖုန်းခေါ်ဆိုမှုတွေနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို လိုက်လံစုဆောင်းပြီး  ကနဦး အစီ ရင်ခံစာတွေနဲ့  စာရွက်စာတမ်းမှာ ဖော်ပြထားတဲ့ အချက်အလက်တွေ မှားယွင်းနေတာကို စုံစမ်းစစ်ဆေးဖို့ အထူးရဲတပ်ဖွဲ့ကို  ချက်ချင်း ဖွဲ ခဲ့ပါတယ်။

တွေ့ရှိခဲ့တဲ့ ခေါ်ဆိုမှုမှတ်တမ်းတွေအရ အနည်းဆုံး အရေးပေါ်ဖုန်းခေါ်ဆိုမှု ၁၁ ခုထက်မနည်း အရေးပေါ် ရဲတပ်ဖွဲ့ဆီကို ဆက် သွယ်အကြောင်းကြားခဲ့တာ တွေ့ရပြီး  သူတို့ ဆက်သွယ်တဲ့ အကြောင်းရင်းကလူစုလူဝေးကို ထိန်းချုပ်ပေးဖို့ ဖြစ်ပြီး  နောက်ထပ် ခေါ်ဆိုမှုတွေမှာတော့  ကယ်ဆယ်ရေးသမားတွေ လွတ်ပေးဖို့  တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ထပ်ပြီး တွေ့ရတဲ့ မှတ်တမ်းတွေမှာတော့ အဖြစ်ဆိုးကြီး မဖြစ်ခင် လေးနာရီအလိုကတည်းက အကူအညီတောင်းတဲ့ ပထမဆုံး ဖုန်းခေါ်ဆိုတာတွေ ရှိနေတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့  ပြည်သူတွေက ဒေါသထွက်နေပြီး  တာဝန်ခံမှုအတွက် တောင်းဆိုမှုတွေ ထပ်ခါထပ်ခါ တိုးပွားလာနေတယ်လို့ လည်း သိရပါတယ်။

Ref: CNN

သတင်းဌာနတွေက ဖော်ပြခဲ့ကြတဲ့ ကြေကွဲစရာ မှတ်တမ်း ဓါတ်ပုံတချို့

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *