ကိ့ဖ်၊ ဧပြီ ၂၂
ယူကရိန်းသမ္မတ ဇလန်းစကီးက က ယူကရိန်းကို အကူအညီပေးခဲ့တဲ့ အမေရိကန် အောက်လွှတ်တော်အမတ်တွေကို ကျေးဇူးတင်ရှိကြောင်း X မှာ ပို့စ်တင်ပြီး ပြောဆိုလိုက်ပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ အစ္စရေးခေါင်းဆောင် ဘန်ဂျမင် နေတန်ရာဟု တို့က သူတို့နိုင်ငံတွေအတွက် ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ အကူအညီပေးရေးအစီအစဉ်အသစ်တွေကို ထောက်ခံမဲပေးခဲ့ကြတဲ့ အမေရိကန်လွှတ်တော်အမတ်တွေကို ကျေးဇူးတင်ကြောင်း ကိုယ်စီ ပြောဆိုခဲ့ကြပါတယ်။
“ကျေးဇူးတင်ပါတယ် အမေရိက!” ၃၁၁-၁၁၂ မဲနဲ့ ကာလရှည်ကြာ နှောင့်နှေးနေတဲ့ ယူကရိန်းလုံခြုံရေး ဖြည့်စွက်သင့်လျော်မှုအက်ဥပဒေကို အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ နောက်မှာတော့ ဇလန်းစကီးက X မှာ အခုလို ရေးခဲ့တာ ဖြစ်ပါတယ်။
ဒီ ဥပဒေကြမ်းဟာ ယူကရိန်း၊ အစ္စရေးနဲ့ အင်ဒို-ပစိဖိတ်ဒေသအတွက် နိုင်ငံခြားအကူအညီတွေဖြစ်တဲ့ ဒေါ်လာ ၉၅ ဘီလျံ ရဲ့ အရေးကြီးတဲ့ ကိစ္စရပ် တစ်ခုလည်း ဖြစ်ပါတယ်။
ခွင့်ပြုလိုက်တဲ့ ဘတ်ဂျက်အရဆို ယူကရိန်းပဋိပက္ခအတွက် အမေရိကန်ဒေါ်လာ ၆၀ဒသမ ၈၄ ဘီလီယံ အစ္စရေးအတွက် အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံနဲ့ ထိုင်ဝမ်အပါအဝင် အင်ဒို-ပစိဖိတ်ဒေသအတွက် အမေရိကန်ဒေါ်လာ ၈ ဒသမ ၁၂ ဘီလီယံ အသီးသီး ပံ့ပိုးပေးမယ်အစီအစဉ် ဖြစ်တယ်လို့ သိရပါတယ်။
Ref: CNN
ပုံစာ။ သမ္မတ ဇလန်းစကီး( ဝဲ) ဘန်ဂျမင် နေတန်ရာဟု (ယာ)
Feature Image Credit: Yahoo



