ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ်၊ထောက်ကြန့်လမ်းဆုံနားမှာ သြဂုတ်လ ၁၇ရက်က ဆွမ်းခံထွက်လာတဲ့ သံဃာ တော်တစ်ပါး YBSကား ကြိတ်မိပြီး ပျံလွန် တော်မူခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါ တယ်။

“YBSက ဆွမ်းခံကြွတဲ့ကိုယ်တော်ကို ဘယ်လိုက ဘယ်လိုကြိတ်မိသွားတာလဲ တော့မသိဘူး။ယာဉ်မောင်းတွေအနေနဲ့ ယာဉ်မဆင်မချင်မောင်းတာတွေတို့၊ လမ်းဖြတ်ကူးတဲ့သူတွေအနေနဲ့လည်း လမ်းစည်းကမ်းနဲ့လမ်းဖြတ်ကူးကြတာတို့ ဂရုစိုက်မယ်ဆိုရင် နှစ်ဦးနှစ်ဖက် နစ် နာတဲ့ အခုလို အဖြစ်ဆိုးမျိုးကို ရှောင်ရှား နိုင်မှာဖြစ်ပါတယ်´´လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
YBSကြိတ်မိပြီး ပျံလွန်တော်မူခဲ့တဲ့ သံဃာတော်ရဲ့ရုပ်အလောင်းကို လူမှုကူညီအ သင်း ကမော်တော်ယာဉ်နဲ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။