
ကိုနော် (ပုဂံ)
နန်းဘုရားဆိုတာ မြင်းကပါရွာ မနုဟာ ဘုရားနဲ့ မလှမ်းမကမ်းလေးမှာ တည်ရှိပါ တယ်။ မြင်းကပါဘုန်းတော်ကြီးကျောင်းကို ဖြတ်ပြီး သွားရတယ်။ ပြည်တွင်းဘုရားဖူး တွေအနေနဲ့တော့ ရောက်တောင့်ရောက်ခဲ ဘုရားတစ်ဆူပါ။ ထင်ရှားတဲ့ မနုဟာဘုရား ကိုသာဖူးပြီး ခရီးဆက်ကြတဲ့ သာမန်ပြည် တွင်းဘုရားဖူးတွေအဖို ဘုန်းတော်ကြီး ကျောင်း နောက်ဘက်က မနုဟာဘုရားနဲ့ ဆိုရင် တစ်ခေါ်လောက်သာဝေးတဲ့ ဂူဘုရား လေးကို သတိမူမိကြမှာမဟုတ်ပါဘူး။
တကယ်တော့ နန်းဘုရားဆိုတာ ပုဂံ မှာရှိတဲ့ ရှားရှားပါးပါး ပုဂံခေတ် ကျောက် အဆောက်အအုံငါးခုထဲက တစ်ခုအပါ အ၀င်ပါ။ ရွှေစည်းခုံ၊ ဓမ္မရာဇက၊ ကျောက် ကူးဥမင်၊ နန်းဘုရားနဲ့ တုရင်တောင်ခြေမှာ ရှိတဲ့ စက်္ကူတိုက်တိုဟာ ပုဂံမှာ ရှားရှားပါးပါး ကျောက်နဲ့ တည်ဆောက်ထားတဲ့ အဆောက် အအုံတွေပါ။ စက္ကူတိုက်ဆိုရင် စောစောပိုင်း ကာလက မသိနားမလည်သူတွေ ထုတ်ယူ အသုံးချတာခံလိုက်ရလို အထင်အရှားပြဖို ခက်သွားပါပြီ။ ကျောက်ကူးဥမင်နဲ့ နန်းဘု ရားကတော့ ခေတ်ပြိုင် အဆောက်အအုံ တွေလို လေ့လာသူတွေက ဆိုပါတယ်။
“နန်းဘုရားက ဧည့်လမ်းညွှန်တွေလေ့ လာအားကောင်းရင် ကောင်းသလို ပြော စရာတွေများတဲ့ ဘုရားတစ်ဆူပါ။ ဗုဒ္ဓသာ သနိကအဆောက်အဦဆိုပေမဲ့ ဟိန္ဒူတွေရဲ့ လက္ခဏာတွေကိုလည်း အများအပြားတွေ့ ရတယ်”လို ဧည့်လမ်းညွှန်တစ်ယောက်က သူ့အယူအဆကို ပြောပြဖူးပါတယ်။

နန်းဘုရားကို နရပတိစည်သူမင်းလက် ထက် အေဒီ ၁၁၈၈ ခုနှစ်၀န်းကျင်လောက် မှာ မနုဟာမင်းရဲ့မြစ်တော် (အချိုသုတေသီ များက မြေးတော်ဟုဆို)၊ နရပတိစည်သူ မင်းရဲ့ သမက်တော် နာဂသမန်းက တည် ထားကောင်းမှုပြုခဲ့တာလို ဆိုပါတယ်။ မနုဟာမင်းဟာ အနော်ရထာမင်းရဲ့ သုံပန်း အဖြစ်နဲ့ ခု နန်းဘုရားတည်ထားတဲ့နေရာမှာ ယာယီနန်းနဲ့ စံမြန်းခဲ့ဖူးတယ်လို ဆိုပါတယ်။ ဒါ့ကြောင့် မြေးဖြစ်သူက နန်းဘုရားဆိုပြီး ရည်မှန်းတည်ထားခဲ့တာလို ဆိုကြတယ်။ အချိုကလည်း နန်းဘုရားဆိုတာ မနုဟာ မင်းရဲ့ သုံပန်းဘ၀နဲ့ နန်းစံခဲ့တဲ့ အဆောက် အအုံကို မြေးဖြစ်သူက ပြန်လည်မွမ်းမံတည် ဆောက်ခဲ့တာလိုဆိုတယ်။
ထူးခြားတာက နန်းဘုရားရဲ့ ဗိသုကာ ဟန်တွေပါပဲ။ သာမန်အားဖြင့် ဂူဘုရား အရွယ်အစားဟာ ကြီးကြီးမားမားမဟုတ်ဘဲ ကွမ်းတောင်ပေါက် တစ်ထပ်လိုဏ်ဘုရား ပါ။ အတွင်းဘက်မှာအုတ်စီပြီး အပြင်မှာ ကျောက်အုတ်သုံးထားတာ တွေ့ရပါတယ်။ ဘီလူးပန်းဆွဲ၊ ဘီလူးပန်းကိုက်၊ တိုင်ဖုံးပန်း၊ သဇင်ပန်းတန်းနဲ့ ပြတင်းပေါက် ဇာပြတင်း တွေ၊ တံကဲ၊ သီရိနတ်သမီးရုပ်၊ မကန်းနဲ့ ကလသာအိုးစတဲ့ ကျောက်ဆစ်လက်ရာ တွေဟာ သေသပ်လှပလှပါတယ်။ ပြီးတော့ မွန်တိုရဲ့ အထိမ်းအမှတ် ဟင်္သာရုပ်ကိုလည်း ပတ်ပတ်လည်မှာ အမြောက်အမြား တွေ့ရ ပါတယ်။ ဂူပေါက်၀ကို အရှေ့ဘက်လှည့် ထားပြီး ပုံသဏ္ဌာန်အားဖြင့်တော့ လေး ထောင့်ကျကျ ပုံသဏ္ဌာန်ပါ။ ပုဂံမှာရှိတဲ့ အခြားဘုရားတွေနဲ့ မတူတာလည်း နန်း ဘုရားရဲ့ ထူးခြားမှုတစ်ခုပါပဲ။
နန်းဘုရားရဲ့အတွင်းဘက်ကို ၀င်ကြည့် မယ်ဆိုရင်တော့ ပုဂံခေတ် ရှေးဟောင်း စေတီ၊ ပုထိုးတွေမှာ တွေ့ရခဲတဲ့ ကျောက် ဆစ်လက်ရာတွေနဲ့ ပြည့်နေတဲ့ တိုင်ကြီး လေးခုကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ တိုင် လေးတိုင်ရဲ့ အလယ်ဗဟိုချက်မှာ ပလ္လင်ခုံ လိုလိုတစ်ခုရှိပြီးတော့ အထက်တည့်တည့် ကွမ်းတောင်ရဲ့ အခြေလောက်မှာတော့ အလင်း၀င်ပေါက်တစ်ခုရှိတာ တွေ့ရပါတယ်။ အလယ်ကပလ္လင်ခုံမှာ အရင်တုန်းက မတ် တတ်ရပ် ဆင်းတုတော်ကြီးတစ်ဆူ ရှိခဲ့ တယ်လို ဒေသခံအချိုက ဆိုကြတယ်။ ပြီး တော့ နံရံတွေမှာရှိတဲ့ ဇာပြတင်းတွေနဲ့ ကွမ်းတောင်ခြေမှာရှိတဲ့ အလင်းပေါက်က လာတဲ့ သဘာ၀အလင်းရောင်တွေဟာ မှောင်နေတဲ့ ဂူအတွင်းမှာတော့ အတော် လေး အထောက်အကူပြုတာ တွေ့ရတယ်။ ကြာပွင့်ပေါ်မှာ ကြာရိုး၊ ကြာစွယ်၊ ကြာဖူး တွေကိုင်လို ထိုင်နေတဲ့ ခေါင်းသုံးလုံးပါတဲ့ ဗြဟ်္မာကြီးတွေ၊ တိုင်ထောင့်တွေမှာ ထုဆစ် ထားတဲ့ ဘီလူးပန်းကိုက်၊ ပန်းဆွဲ၊ ပုလဲကုံး၊ ကနုတ်ပန်းစတဲ့ ကျောက်ဆစ်လက်ရာတွေ ဟာ အာမခန်းပါပဲ။ ကျောက်သားတစ်ခုနဲ့ တစ်ခု ဆက်ထားတာ သေသပ်လွန်းလို ကျောက်သား တစ်တုံးတစ်ခဲတည်းကိုများ ထုဆစ်ထားသလား ထင်ရပါတယ်။ တကယ် တော့ အတွင်းမှာက အုတ်သား။ အုတ်သား ကိုမှ ကျောက်ချပ်ကိုကပ်ထားတာ အံ့သြ စရာပါ။ အုတ်သားနဲ့တည်တဲ့ စေတီပုထိုး တွေမှာ အင်္ဂတေကို အနီရောင်သုံးခဲ့ပေမဲ့ ကျောက်သားနဲ့တည်တဲ့ နန်းဘုရားတို ကျောက်ကူးဥမင်တိုမှာတော့ အင်္ဂတေကို အဖြူရောင်သုံးခဲ့တယ်လို လေ့လာသူတွေ ကဆိုတယ်။ ကမ္ဘာကျော်တဲ့ ကမ္ဘောဒီးယား က အန်ကော၀ပ်ဟာ ကျောက်တုံးကြီးတွေ ကို အတုံးလိုက် ထုဆစ်ထားတာလို သိရ တော့ ပုဂံမှာရှိတဲ့ ကျောက်ကူးဥမင်နဲ့ နန်း ဘုရားရဲ့ ကျောက်ဆစ်လက်ရာတွေဟာ အုတ်သားကို ကျောက်သားလွှာကပ်ပြီးမှ ထုဆစ်ထားတာဖြစ်လို ပိုပြီးပညာသားပါ လက်၀င်လှတာကို တွေးမိပါတယ်။
နှစ်တစ်ထောင်လောက် သက်တမ်းရှိ ပေမဲ့ ကျောက်ဆစ်လက်ရာတွေက ၀င်း လက်တောက်ပနေတုန်း။ လောဘရမ္မက် ကြောင့် ခိုးယူဖျက်ဆီးသွားတဲ့နေရာတွေမှအပပေါ့။ သဘာဝဘေးဒဏ်ကြောင့် မပျက် စီးရလေအောင် နန်းဘုရားအတွင်းမှာ သံ ကိုင်းတွေထောက်ကန်ပြီး ထိန်းထားတာကို လည်း တွေ့ရတယ်။ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေဆိုတာ အလိုလောဘ ကြောင့်လည်း ပျက်စီးတတ်တယ်။ သူများ နိုင်ငံတွေမှာ ကြုံတွေ့နေရတဲ့ စစ်ပွဲတွေလို ဒေါသတွေကြောင့်လည်း ပျက်စီးတတ် တယ်။ တန်ဖိုးထားရကောင်းမှန်းမသိ၊ ဗဟု သုတနည်း၊ နည်းပညာ မကျွမ်းကျင်စတဲ့ မသိမိုက်မဲမှုမောဟတွေကြောင့်လည်း ပျက် စီးတတ်တယ်မဟုတ်လား။

တကယ်တော့ နန်းဘုရားဟာ ကျွန် တော်တို ဗုဒ္ဓဘာသာ၀င်တွေ တွေ့မြင်ဖူး တွေ့နေကျ ဆင်းတုတော်တွေ၊ ဆီမီး၊ ရေချမ်း၊ ပန်းအိုးတွေနဲ့ ရွှေသင်္ကန်းရောင် ပြိုးပြိုးပြက် ပြက်စေတီပုထိုးမျိုး မဟုတ်ပေမဲ့ ကျောက် ဆစ်ဗိသုကာအရာမှာ ပြိုင်စံရှားတာရယ်၊ စစ်သုံပန်းဘ၀နဲ့ ဇာတ်သိမ်းခဲ့ရတဲ့ ပြည့်ရှင် မင်းတစ်ပါးရဲ့ သမိုင်းရာဇ၀င်နဲ့ ဆက်စပ်ဖြစ် တည်နေတာရယ်ကြောင့် ပြည်တွင်းဘုရား ဖူးတွေအနေနဲ့လည်း ပုဂံရောက်မှဖြင့် ၀င် ဖြစ်အောင်၀င်သင့်တဲ့ ဘုရားတစ်ဆူပါ။ ဆရာ ဇော်ဂျီကတော့ နန်းဘုရားနဲ့ပတ်သက်ပြီး
“နန်းဘုရားမှာ လွမ်းစရာ”ဆိုတဲ့ ခေါင်းစဉ်နဲ့ အောက်ပါအတိုင်း စပ်ဆိုထားခဲ့ပါတယ်။ ညီသစ်ဆင်း
မင်းကတိထား၊ နန်းဘုရားကို
ကြားရစေ့မည်၊ ဆိုခဲ့သည်တည့်
ကြာပြီတစ်လ၊ နှစ်လတင်းတင်း
သုံးလချဉ်းသည်
မင်းမေ့ချင်မေ့၊ ငါမမေ့။
နန်းဘုရားကို ကြားချင်၍။
ညီမမေ့ပါ၊ မြင့်းကပါတည့်
ထိုရွာအနောက်၊ နန်းဘုရားရောက်၏
ဆောက်အုံအုတ်ခံ၊ ကျောက်ချပ်မံ၏
နံရံမှစ၊ သီခရထိ
ကာလရှေးခေတ်၊ အနှစ်နှစ်က
ကျောက်ဆစ်လက်ရာ၊ မြင်ရပါ၏
ဇာကွက်လေသောက်၊ ပြတင်းပေါက် တွင်
ဘေးထောက်ပမာ၊ ဝဲနှင့်ယာ၌
ကြာကနုတ်ဟန်၊ နားပန်ဆံတည့်
အောက်ခံကနုတ်ကွက်၊ ဟင်္သာသက် ၏
အထက်ဘက်တွင်၊ ကျောက်ဥကင်၌
တင်ပျဉ်ဖွဲခွေ၊ ဣဒြေအပြည့်
သီရိသမုတ်၊ နတ်သမီးရုပ်တည့်
ကနုတ်ကော့ကွေး၊ တမော့သေးကို
ညီငေး၍သာ နေမိ၏။
ထိုနောက်ငေးရင်း
ဂူတွင်းအထိ၊ ညီ ၀င်ကြည့်၏
အဓိကရ၊ တိုင်မ လေးတိုင်
ခနောက်ဆိုင်တည့်
တိုင်တိုင်းမျက်နှာ၊ ကျောက်သားလွှာ တွင်
ကာယတုတ်ခိုင်၊ ခံ့ခံ့ထိုင်လျက်
ကြာကိုင်ဝဲယာ၊ ယိမ်းနွဲကာဖြင့်
မဟာဗြဟ်္မာ၊ ပန်လက်ရာမှ
ကြာကော့ ကြာကွေး၊ တမော့သေးကို
ငေးရပြန်၏ ညီငေးမိ။
ထိုနောက်ရွှင်ပျ၊ နောင့်ညီလှသည်
ဂူမှဆင်းသက် ထွက်ခဲ့၏။
ထိုအချိန်တွင်
တိမ်မကန်းကွက်၊ အိမ်ဖွဲလျက်တည်
မြက်ခင်းနုပျို၊ စိမ်းစိုစိုသို
ဘိုးအိုတစ်ယောက်၊ တံတိုသောက် လျက်
နွားကောက်ပြန်လာ၊ နွားလည်းပါ၏
မြင်းကပါအသွား၊ နန်းဘုရား၌
နေနားတိတ်ဆိတ်၊ သူချွေးသိပ်၏
ဂူထိပ်တစ်လှည့်၊ အောက်တစ်လှည့် တည့်
ကြည့်ငေးနှစ်သက်၊ ကနုတ်ကွက်ကို
ရေတွက်သလို၊ မျက်နှာချိုသည်
ဘိုးအိုအငေး၊ ညီအငေး။
ဆုံမိကြသည်၊ ပြုံးပြုံးကလေး။
မေးလျှင် မြန်းလျှင် ပြောမည်တွေး။
ထိုအတွေးဖြင့်
ညီမေးစကား၊ သကာပျား၌
ဘုရားပုံက၊ အချိုးကျဟု
လှပတင့်ဆန်း၊ အပြောက်အမွမ်းနှင့်
ခမ်းနားပါဘိ၊ ရှားပါဘိဟု
သိချင်သည်မှာ၊ ဘုရာ့ဒါယကာဟု
ထိုခါပြုံးချို၊ အဘိုးအိုသည်
တံတိုကိုချ၊ သူသိသမျှကို
သတိရလာ၊ သူ့မျက်နှာသည်
၀င်းဝါရွှန်းပ ငေးရင်းပါ့။
ငေးရင်းသာပ သူပြောပြ၊
ဤနန်းဘုရား
တည်ထားနေရာ၊ ရှေးအခါက
မနုဟာမင်းပျော်၊ အိမ်ဖြူတော်ဟု
အိမ်တော်နွမ်းပါး၊ ကာလလျားသော်
ဖွဲထားလျောက်ထုပ်၊ ပြုတ်ကျလုလု
အပျက်စုသို၊ ရွယ်နုပျိုမျစ်
မြစ်တော်နာဂသမန်း၊ ကြွလာမြန်း၍
နန်းဘုရားမည်၊ တည်ခဲ့သည်ဟု
တည်စဉ်အတွင်း၊ ဇာပြတင်း၌
ဟင်္သာစီရရီ၊ ညီ မညီတည့်
သီရိနတ်သမီးရုပ်၊ ဥကင်မုခ်၌
ကနုတ် ထည့် မထည့်၊ ကိုယ်တိုင်ကြည့် ၏
ဘေး၏ တိတ်ဘ၀၊ အနိမ့် အကျကို
သတိရသည်းခံ၊ နှလုံးသွင်းဟန်ကို
တံတိုဘိုးအို၊ ပန်းမောဆိုသည်
သူပျိုစဉ်က၊ ကြားခဲ့သမျှ။
ဘေးတော်အမှတ်တရ နန်းဘုရားပါ့။
လွမ်းဆတ်တသ မြစ်တော်ပြ။
ညီကြားခဲ့ရ ရောက်စဉ်က။
မကန်းကွက်တိမ် အိမ်ဖြစ်စ။ ။