ထူးခြားထင်ရှား အမျိုးသမီး ဓာတ်ပုံဂျာနယ်လစ်များ(၂)

ဖရန့်ဆေ့ ဗန်ဂျမင် ဂျွန်စတင်

  • ဒုတိယကမ္ဘာစစ်အတွင်းမှာ ဓာတ်ဆီကို ခွဲတမ်းနဲ့ အကန့်အသတ်ပဲ ရနေတဲ့အချိန်မှာတောင် မမောစတမ်း ခရီးတွေ ထွက်ပြီး ဓါတ်ပုံတွေပဲ လိုက်ရိုက်ခဲ့သူ

ရာစုနှစ်တစ်ဝက်လောက်ကြာအောင် ဓါတ်ပုံသတင်းသမားအလုပ်ထဲမှာ  သူ့ကိုယ်သူ နှစ်မြုပ်ထားခဲ့တဲ့ အမေရိကန် အမျိုး သမီး တစ်ယောက်ဖြစ်တယ်။

ဇန်နဝါရီ ၁၅၊ ၁၈၆၄ ခုနှစ် အမေရိကန်နိုင်ငံ၊ အနောက်ဗာဂျီးနီးယားက ဂရတ်ဖတန်ဆိုတဲ့ ဒေသမှာချမ်းသာတဲ့မိသားစုကနေ မွေးဖွားခဲ့တယ်။

သူ့ရဲ့မိခင်ဖြစ်သူ”ဖရန့်ဆေ အန်တွိုင်းနက် ဘန်ဂျမင် ဂျွန်စတင်” ကလည်း သူ့ခေတ်အခါက ရှားရှားပါးပါးရဲရဲတောက် ဂျာနယ် လစ်တစ်ယောက်ဖြစ်ပါတယ်။ အဲဒိကာလက အမေရိကန်ကွန်ဂရက်ရဲ့ တစ်ဦးတည်းသောအမျိုးသမီး သတင်း ထောက် ဖြစ် ခဲ့ သလို နိုင်ငံရေးရာတွေသတင်းစာမှာ ရေးသားဖော်ပြနိုင်ခဲ့တဲ့ ပထမဆုံး အမျိုးသမီးသတင်းသမား တစ်ယောက်လည်း ဖြစ် ပါတယ်။

ဖရန်ဆေ့ ဗန်ဂျမင် ဂျွန်စတင်ဟာ  ပြင်သစ်နိုင်ငံ ပါရီမြို့က “အာခီဒေမစ် ဂျူလီယန်” ပန်းချီပန်းပု အနုပညာကျောင်းမှာ ပညာသင်ကြားခဲ့တယ်။  နောက်ထပ် အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် ဘော်လတီမိုးမှာရှိတဲ့ ကက်သလစ်တက္ကသိုလ်မှာ လည်းဆက်လက်ပညာသင်ကြားခဲ့ပါတယ်။

၁၈၉၈မှာ စတင်ထူထောင်ခဲ့တဲ့ နယူးယော့ခ်မြို့ရဲ့ပထမဆုံး သတင်းဓါတ်ပုံ ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ ဘိန်းသတင်း ဝန်ဆောင်မှုကုမ္ပဏီ (Bain News Service ) မှာ အမျိုးသမီးတစ်ယောက်အနေနဲ့  အလုပ်လုပ်ခွင့် ရတဲ့ ပထမဆုံးသူလည်း ဖြစ်ပါတယ်။

သူ့ရိုက်ကူးပေးခဲ့တဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ မှတ်တမ်းဓါတ်ပုံတွေ၊ အမေရိကန်တောင်ပိုင်းတစ်ခွင်က ဗိသုကာ လက်ရာ ဓါတ်ပုံတွေ အပါအဝင် ၂၀ရာစုအစ အာဖရိကန်အမေရိကန်တွေရဲ့ ပုံရိပ်တွေ၊ အမေရိကန်ဇာတိဖွား ရက်အင်ဒီးယန်းတွေရဲ့ ဓါတ်ပုံတွေက သူ့ကို ကျော်ကြားစေခဲ့ ပါတယ်။

ဒါ့အပြင်  အမေရိကန်သမ္မတအဆက်ဆက်နေထိုင်နေကြတဲ့ အိမ်ဖြူတော်ကို ရောက်လာသမျှ ထင်ရှားတဲ့ လူပုဂ္ဂိုလ်တွေရဲ့ မှတ်တမ်းတင်ဓါတ်ပုံရိုက်ပေးခဲ့ရတဲ့ တာဝန်ကိုလည်း အချိန်အကြာကြီး လုပ်ကိုင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

ရှေးဟောင်းနဲ့ဆိုင်တဲ့  ပျက်စီးပျောက်ကွယ်လုဖြစ်နေတဲ့ အဆောက်အဦတွေကို ထိန်းသိမ်းစောင့်ရှောက် မှတ်တမ်းတင်ခဲ့တဲ့ အတွက် သူ့ကို  အမေရိကန်ဗိသုကာတက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင်အဖွဲ့ဝင်တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

သူရဲလက်ရာတွေကိုတော့ Metropolitan Museum of Art၊ Virginia Museum of Fine Arts နဲ့ Baltimore Museum of Art လို အဖွဲ့အစည်းတွေက ဝယ်ယူစုဆောင်းထားပါတယ်။

သူ့ရဲ့ မဆုတ်မနစ်ဇွဲနဲ့ သတင်းဓါတ်ပုံတွေရဖို့  ခရီးစဥ်တွေကို ဒုတိယကမ္ဘာစစ်အတွင်းမှာ ဓာတ်ဆီကို ခွဲတမ်းနဲ့ပဲ အကန့် အသတ်နဲ့ ရနေတဲ့အချိန်မှာတောင် မမောစတမ်း ဓါတ်ပုံတွေပဲ လိုက်ရိုက်ခဲ့ပါတယ်။

၁၉၄၀ အရောက်မှာတော့ အမေရိကန်က နယူးအော်လန်မှာရှိတဲ့ ပြင်သစ်ရပ်ကွက် ထဲမှာ အိမ်တစ်လုံးဝယ်ခဲ့ပြီး ၁၉၄၅ ခုနှစ် အရောက်မှာတော့ အနားယူခဲ့ပါတယ်။ အသက် ၈၈နှစ်အရောက်၁၉၅၂ ခုနှစ်မှာတော့ နယူးအော်လန်မှာပဲ ကွယ်လွန်ခဲ့ပါ တယ်။

F B Johnston ရဲ့ လက်ရာ ဓါတ်ပုံများ

F B Johnston ရဲ့ ၁၉၃၈ခုနှစ်က ဓါတ်ပုံလက်ရာမြောက်ကယ်ရိုရိုင်းနားက ရှေးဟောင်းသမိုင်းဝင် ဗိသုကာလက်ရာတစ်ခု
ဟန်ပတန်ကောလိပ်(၁၈၉၉)
၁၉၈၆ခုနှစ်က “The New Woman” လို့ခေါ်တဲ့ F B Johnston ရဲ့ ကိုယ်တိုင်ရိုက်ပုံတူ

အခု ဖော်ပြပေးလိုက်တာကတော့ ကျော်ကြားတဲ့အမျိုးသမီး ဓါတ်ပုံသတင်းထောက်တွေ အကြောင်း အကျဥ်းမျှ မိတ်ဆက် ဖော်ပြပေးရုံသာဖြစ်လို့  ပြည့်စုံမှာမဟုတ်ပါဘူး။ အခုထက်ပိုပြီး စိတ်ဝင် စား ခဲ့မယ်ဆိုရင်တော့ အက်တာနက်မှာ Frances Benjamin Johnston လို့ ရိုက်ပြီး အလွယ်တကူ ရှာ ဖတ်နိုင်ပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *