
ယန်ဂီ ကင်မ်
- ကမ္ဘာ့လူသတ်ကွင်းကြီးတွေ ဖြစ်ခဲ့တဲ့ ကိုဆိုဗိုတို့ ရဝမ်ဒါတို့လို့ နိုင်ငံတွေကို သတင်းဓါတ်ပုံလေး တစ်ပုံရဖို့အတွက် နောက်မတွန့်စတမ်း အရောက်သွားခဲ့ သူ
သူ့အသက် ၁၀နှစ်အရွယ်ကတည်းက မွေးဖွားရာ ဇာတိ တောင်ကိုရိးယားနိုင်ငံ ဒယ်ဂျူးကနေ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့ နေထိုင်ခဲ့တဲ့ ကိုရီးယားအမျိုးသမီးတစ်ယောက်ပါ။ ၁၉၈၄ခုနှစ်မှာတော့ အမေရိကန်နိုင်ငံဘော့စတွန် တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပါတယ်။ ဘွဲ့ရပြီး ဓါတ်ပုံဆရာအဖြစ် အသက်မွေးခဲ့တယ်။ ဒိနောက် ဘော်စတွန်ဂလုပ်( The Boston Globe)သတင်းစာမှာ ဓါတ်ပုံဆရာအနေနဲ့ ခုနှစ်နှစ်အလုပ်လုပ်ခဲ့ပါတယ်။
သူ ဘော့စတွန်ဂလုပ် ကို ရောက်တဲ့အချိန် ၁၉၉၂ ကာလဟာ ဆိုမာလီနိုင်ငံမှာ အငတ်ဘေးဆိုက်နေတဲ့အချိန်ပါ။ ဒါကပဲ ကင်မ့်ကို အလှည့်အပြောင်း တစ်ခု ဖြစ်စေခဲ့ပါတယ်။ သူတာဝန်ကို သူထမ်းဆောင်နေတုန်း ဆိုမာလီ စစ်ဘုရင်ရဲ့ တပ်တွေ က ကင်မ်ကို ဖမ်းဆီးခဲ့ပါတယ်။ ကုလသမဂ္ဂနဲ့ အခြားအဖွဲ့တွေရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ ၁၃နာရီအတွင်း ပြန် လွတ်မြောက် လာခဲ့ပါတယ်။
ကင်မ်ကတော့ သူ့တာဝန်မပြီးမြောက်သေးဘူးဆိုတဲ့ ပြင်းပြတဲ့ ခံယူချက်နဲ့ ရက်ပိုင်းအတွင်းပဲ ဆိုမားလီးယားကို ပြန်လာခဲ့ ပြန်ပါတယ်။ မကြာခင်ပဲ အမေရိကန်တပ်တွေလည်း ဝင်လာတာမို့ ကင်မ်လည်း အလုပ်ကို အစသတ်ခဲ့ ရပါတယ်။
ဒိအတွက် ကင်မ်တစ်ယောက် ၁၉၉၅ ခုနှစ်မှာ ပူလစ်ဇာဖြစ်ရပ်မှန်ဓါတ်ပုံဆု ဆန်ကာတင် အဆင့်အထိ ရွေးချယ်ခံခဲ့ရပါ တယ်။
သူရဲ့ အကျော်ကြားဆုံးလက်ရာကတော့ ဒုတိယကမ္ဘာစ်အတွင်းက ဂျပန်စစ်တပ်ရဲ့ လိင်ကျွန်ပြုခံခဲ့ရတဲ့ တောင်ကိုရီးယား အမျိုးသမီးတွေရဲ့ အကြောင်းပဲဖြစ်ပါတယ်။ အဲ့ဒိဖြစ်ရပ်တွေကို ဖော်ပြထားတဲ့ ၁၉၉၆မှာ ထုတ်ဝေခဲ့တဲ့ သူ့ရဲ့ ဓါတ်ပုံဒိုင် ယာ ရီစာအုပ်က အရမ်းလူသိများခဲ့ပါတယ်။
၁၉၉၈ မှာတော့ လူမည်းလယ်သမားတွေရဲ့ ဘဝအကြောင်း သူ့လက်ရာဓါတ်ပုံတွေနဲ့ ဖော်ပြခဲ့ပါတယ်။ ဒါတင်မက ကမ္ဘာ့ လူသတ်ကွင်းကြီးတွေ ဖြစ်ခဲ့တဲ့ ကိုဆိုဗိုတို့ ရဝမ်ဒါတို့လို့ နိုင်ငံတွေကို သတင်းဓါတ်ပုံလေး တစ်ပုံရဖို့အတွက် နောက်မတွန့် စတမ်း အရောက်သွားခဲ့ သူလည်း ဖြစ်ပါတယ်။
မှတ်တမ်းတွေအရကတော့ ပူလစ်ဇာဆန်ကာတင်ဆုအပြင် ကင်မ်ဟာ ၁၉၉၅ မှာ “World Press Photo Award for Daily Life” ၊ ၁၉၉၇ နဲ့ ၁၉၉၉ မှာ “World Press Photo Award for General News” စတဲ့ ဓါတ်ပုံသတင်းမီဒီယာဆုကြီးတွေ သာမက အခြားဓါတ်ပုံသတင်းထောက်ဆု အများအပြားကို ချီးမြှင့်ခံခဲ့ ရသူ ဖြစ်ပါတယ်။
ကင်မ့် လက်ရာကမ္ဘာကျော် သတင်းဓါတ်ပုံတချို့ ကို ဖော်ပြပေးလိုက်ပါတယ်။






အခု ဖော်ပြပေးလိုက်တာကတော့ ကျော်ကြားတဲ့အမျိုးသမီး ဓါတ်ပုံသတင်းထောက်တွေ အကြောင်း အကျဥ်းမျှ မိတ်ဆက် ဖော်ပြပေးရုံသာဖြစ်လို့ ပြည့်စုံမှာမဟုတ်ပါဘူး။ အခုထက်ပိုပြီး စိတ်ဝင်စားခဲ့မယ်ဆိုရင်တော့ အက်တာနက်မှာ YUNGHI KIM PHOTOJOURNALIST လို့ ရိုက်ပြီး အလွယ်တကူ ရှာဖတ်နိုင်ပါတယ်။