ထူးခြားထင်ရှား အမျိုးသမီး ဓါတ်ပုံ ဂျာနယ်လစ်များ(၃)

စစ်သတင်းထောက် ဒစ်ကီ ချာပယ်

  • ရှေ့တန်းစစ်မျက်နှာမှာ အသက်ပေးခဲ့ရတဲ့ ပထမဆုံးအမေရိကန်အမျိုးသမီးသတင်းထောက်

ချာပယ်ဟာ အမေရိကန်ဓာတ်ပုံဂျာနယ်လစ်တစ်ဦးဖြစ်ပြီး ဒုတိယကမ္ဘာစစ်ကနေ  ဗီယက်နမ်စစ်ပွဲတစ်လျှောက် စစ်သတင်း ထောက် တစ်ယောက်အဖြစ် လူသိများခဲ့တဲ့  အမေရိကန်ဓာတ်ပုံသတင်းထောက်တစ်ဦးပါ။

ချာပယ် တစ်ယောက်   ၁၉၆၅ခုနှစ် နိုဝင်ဘာ၄ရက်နေ့က  ဗိယက်နမ်မှာ အမေရိကန်မရိန်းတပ်ဖွဲ့နဲ့ အတူ Black Ferret စစ်ဆင်ရေးမှာ လိုက်ပါ သတင်းယူနေတုန်း လည်ပင်းကို ဗုံးစံထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

အဲ့ဒိအချိန်ကစလို့ ချာပယ်ဟာ ဗီယက်နမ်မှာ  အသတ်ခံရတဲ့ ပထမဆုံး အမျိုးသမီး စစ်သတင်းထောက် တစ်ယောက် ဖြစ်လာခဲ့သလို ပြင်ပလှုပ်ရှားမှုတွေမှာ သတင်းလိုက်နေတုန်း အသတ်ခံရတဲ့ ပထမဆုံး အမေရိကန် အမျိုးသမီး သတင်း ထောက်လည်း ဖြစ်လာခဲ့ပါတယ်။

နာမည်ရင်းက ဂျော့ဂျယ် လူးအိ့စ် မေယာ ဖြစ်ပြီး ၁၉၁၈ မတ်လ ၁၄ရက်က အမေရိကန်နိုင်ငံ မှာ မွေးဖွားခဲ့ပါတယ်။  သူ့တစ်သက်တာတစ်ခုလုံး ဓါတ်ပုံသတင်းထောက်တစ်ယောက်အဖြစ် မြုပ်နှံလုပ်ကိုင်ခဲ့သူပါ။

၁၉၆၅ခုနှစ် နိုဝင်ဘာ၄ရက်နေ့ သူအသက်၄၇နှစ် မှာတော့ ဗီယက်နမ်စစ်မျက်နှာပြင်မှာ သူဝါသနာထက်သန်တဲ့ ဓါတ်ပုံ သတင်းထောက်အလုပ်ကို လုပ်ကိုင်နေတုန်း ဗုံးထိသေဆုံးခဲ့ပါတယ်။ သူ့ရဲ့ ဓါတ်ပုံ သတင်းထောက်ဘဝကို တော့ ၁၉၄၁ခုနှစ် ကနေ  သူ ရှေ့တန်းစစ်မျက်နှာပြင်မှာ သေဆုံးခဲ့တဲ့ ၁၉၆၅ခုနှစ်အထိ အသက်ထက်ဆုံး လုပ်ကိုင် သွား ခဲ့သူ ဖြစ်ပါတယ်။

  • ချာပယ်ရဲ့ ရှေ့တန်းစစ်မျက်နှာက သတင်းဓါတ်ပုံများ

Leave a Reply

Your email address will not be published. Required fields are marked *