ထိုင်း ၁၆၂ယောက်ကို အရေးမယူဘဲ ပြန်လွှတ်ပေးဖို့ မြန်မာ ဘက်ကကတိပြုပြောဆိုလိုက်တယ်လို့ ထိုင်းသတင်း တွေအရ သိရ

ဘန်ကောက်၊ နိုဝင်ဘာ ၇

ဖမ်းဆီးခံထားရတဲ့  ထိုင်းနိုင်ငံသား ၁၆၂ ယောက်ကို တရားစွဲဆိုခြင်းမရှိဘဲ ပြည်နှင်ဒဏ်ပဲ ပေးမယ်လို့  မြန်မာနိုင်ငံ လူဝင် မှုကြီးကြပ်ရေး တာဝန်ရှိသူက ကတိပြုလိုက်တဲ့ အကြောင်း ထိုင်း ဒုတိယရဲချုပ်  ဆူရာချက် ဟက်ပက်က ပြောဆိုခဲ့တယ် လို့ ထိုင်း သတင်း တွေအရ သိရပါတယ်။

ရန်ကုန်မြို့ကို ရောက်နေတဲ့ ထိုင်း ဒုတိယရဲချုပ်ဟာ ရှမ်းပြည်နယ် လောက်ကိုင်မြို့နယ်မှာ ထိန်းသိမ်းခံထားရတဲ့ ထိုင်း နိုင်ငံသား ၁၆၂ယောက် လွတ်မြောက်ရေးအတွက် နိုဝင်ဘာ ၇ ရက်အင်္ဂါနေ့က  မြန်မာနိုင်ငံဘက်က တာဝန်ရှိသူတွေနဲ့ ဒုတိယ အကြိမ် ဆွေးနွေးအပြီး အခု ရလဒ်ရလာခဲ့တာလို့ သိရပါတယ်။

နိုဝင်ဘာ ၆ရက် တနင်္လာနေ့အစောပိုင်း ဆွေးနွေးပွဲမှာတော့ ထိုင်းလူမျိုး ၁၆၄ယောက် ဖမ်းဆီးထိန်းခံထား ရတယ်လို့ ထိုင်း ဘက် ကပြောပေမယ့်  မြန်မာလူဝင်မှုကြီးကြပ်ရေးမှူး ဦးမောင်မောင်သန်းနဲ့ အသေးစိတ် ဆွေးနွေးမှု အပြီးမှာတော့ အရေ အတွက် မှာ အမှန်တကယ် ၁၆၂ ယောက်သာ ဖြစ်တယ်ဆိုတဲ့ အဖြေ ထွက် လာခဲ့ပါတယ်။

အဲဒိ ညှိုနှိုင်းဆွေးနွေးပွဲကို   ရန်ကုန် အခြေစိုက် ထိုင်းသံရုံးတာဝန်ရှိသူတွေနဲ့ မြန်မာဘက်အထူးစုံစမ်း စစ်ဆေး ရေးဌာန ကတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံသား ၁၆၂ ယောက်စလုံးဟာ မြန်မာနိုင်ငံကို တရားမဝင် ဝင်ရောက်လာသူတွေ ဖြစ်တဲ့ အကြောင်း လူဝင်မှု ကြီး ကြပ်ရေး ရဲတပ်ဖွဲ့က ဆွေးနွေးပွဲမှာ ထိုင်း ရဲချုပ်ကို  ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း နှစ်နိုင်ငံ ချစ်ကြည် ရေး လက္ခဏာတစ်ရပ်အနေနဲ့ သူတို့ကို  တရားဥပဒေကြောင်းအရ တရားစွဲဆိုတာမျိုး မလုပ်ဘဲ ကင်းလွတ်ခွင့်ပေးခဲ့တာလို့ သိရပါတယ်။

Ref: The Nation

ပုံစာနှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးနေကြပုံ

Feature Image Credit: Reuters

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *