ထိုင်းအာဏာပိုင်တွေက ကိုဗစ်-၁၉ စောင့်ကြည့် စာရင်းကနေ ခုနှစ်နိုင်ငံကို ပယ်ဖျက် မြန်မာနိုင်ငံလည်း ပါဝင်လာ

ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ် ကနေ့ ဝင်ရောက်လာကြတဲ့လေကြောင်းဆိုက်ရောက် ခရီးသည်များ

ဘန်ကောက်၊ ဇူလိုင် ၁၀

ထိုင်းပြည်သူ့ကျန်းမာရေးဌာနက ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်တဲ့အန္တရာယ်တွေကြောင့် ကန့်သတ်ချက်တွေချထားခဲ့တဲ့ နိုင်ငံခုနှစ်နိုင်ငံကို ရောဂါအခြေအနေတိုးတက်လျော့ပါးလာတာနဲ့အတူ တိုင်းပြည်နဲ့အဝှမ်း ကာကွယ်ဆေး ထိမိလွှမ်းခြုံနိုင်ခဲ့တဲ့ အချက်အလက်တွေကြောင့် တားမြစ်ကန့်သတ်ချက်တွေကို ပယ်ဖျက်လိုက်ပြီလို့ ထုတ်ပြန်ပါတယ်။

ကန့်သတ်စာရင်းကနေ ပယ်ဖျက်လိုက်တဲ့ နိုင်ငံတွေကတော့ အီတလီ၊ အီရန်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နဲ့ အင်ဒိုနီးရှားနိုင်ငံတွေပဲ ဖြစ်ပါတယ်။ အဲ့ဒိနိုင်ငံတွေကို ကိုဗစ်အန္တရာယ်ရှိတဲ့ နိုင်ငံတွေစာရင်းကနေ ပယ်ဖျက်ဖို့ရာ ပြီးခဲ့တဲ့ သောကြာနေ့ ဇူလိုင် ၈ရက်နေ့က ကျင်းပခဲ့တဲ့ အမျိုးသားရောဂါထိန်းချုပ်ရေးကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ချက်ချခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါ အစည်းဝေးဆုံးဖြတ်ချက်ကို ထိုင်းကျန်းမာရေးဝန်ကြီး အနူတင် ချန်ဝေရကူးက လက်မှတ်ရေးထိုးခဲ့ပြီး တော်ဝင်ပြန်တမ်းမှာ မှတ်တမ်းတင်ခဲ့ပါတယ်။

ကိုဗစ်မျိုးကွဲ အိုမီခရွန် ဖြစ်ပွားချိန်ကစပြီး ‌ရောဂါပြင်းထန်မှု လျော့ကျလာတာနဲ့အတူ ဇူလိုင် ၁ရက်ကစပြီး ကန့်သတ်ချက်တွေကို တစ်စတစ်စ လျော့ချပေးခဲ့ တာလည်း ဖြစ်ပါတယ်။ တစ်နေ့တာထဲမှာကို သောင်းနဲ့ချီတဲ့ ဆိုက်ရောက်ခရီးသည်တွေ ထဲမှာ ရောဂါကူးစက်သူ အနည်းငယ်လောက်ပဲ တွေရတော့တယ်လို့ ပြည်သူ့ကျန်းမာရေးအမြဲတမ်းအတွင်းဝန် ကီတိုင်ဖွန် ဝန်ဂရာဂျစ်က ပြောပါတယ်။

သောကြာနေ့ အစဉ်းအဝေးမှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်က နှစ်ခုရှိခဲ့ပြီး ကျန်တဲ့ တစ်ခုကတော့ မျောက်ကျောက်နဲ့ ဆိုင်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ဒီနေ့အထိ မျောက်ကျောက် ကူးစက်ခံထားရတာမရှိသေးပေမယ့် ထိုင်းနိုင်ငံကို ကူးစက်လာနိုင်တဲ့ ၅၆ခု မြောက် ရောဂါအဖြစ်သတ်မှတ်ခဲ့ပါတယ်။

ကမ္ဘာကျန်းမာရေးအဖွဲကြီးရဲ့ အဆိုအရ ဒီနေ့ထိ ကမ္ဘာတစ်ဝှမ်း မျောက်ကျောက် ရောဂါဖြစ်ပွားခဲ့တဲ့ နိုင်ငံ ၅၈နိုင်ငံ ရှိပြီး ရောဂါသည် ၆၀၀၀ ကျော်အထိရှိနေကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

Ref: Bangkok Post

Photo Credit : Bangkok Post

Visited 22 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *