ထိုင်းအတိုက်အခံတွေက  ဝန်ကြီးချုပ်ဟောင်းသက်ဆင် ရဲ့ သမီးကို ၀န်ကြီးချုပ်လောင်းအဖြစ် အတည်ပြု

 
ရွေးကောက်ပွဲအတွက် ဆန္ဒဖော်ထုတ်နေတဲ့ ကွင်းထဲက လူထုကို နုတ်ဆက်နေတဲ့ ပေတွန်တန် ရှင်နာဝပ်ထရာ
photo Credit: AFP

နွန်သဘူရီ၊ ဧပြီ ၅

ထိုင်းနိုင်ငံရဲ့  အဓိက အတိုက်အခံ ဖြူးထိုင်းပါတီက လာမယ့် မေလ ရွေးကောက်ပွဲမှာ ဘီလျံနာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ရဲ့  သမီးဖြစ်သူကို  နိုင်ငံရဲ့  ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ ဧပြီလ ၅ ရက်က အတည်ပြုခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်လောင်း ပေတွန်တန် ရှင်နာဝပ်ထရာဟာ အင်စတာဂရမ်မှာ ဖော်လိုဝါ တစ်သန်းခွဲရှိသူဖြစ်ပြီး လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ ဆန်ကျင်ဘက် အနေအထားမှာ ရပ်တည်နေသူ တစ် ယောက်လည်း ဖြစ်ပါတယ်။

ဖြူးထိုင်းထောက်ခံသူတွေဟာ  ပါတီရဲ့ အမှတ်အသား တီရှပ်အနီရောင်တွေဝတ်ကာ ဘန်ကောက်မြို့ မြောက်ဘက်အစွန်းက ဘောလုံးကွင်းမှာ စီးပွားရေးသမား ဆရက်ထာ ထာဗီဆင် နဲ့အတူ ပါတီဗျူဟာမှူး ချိုက်ကာဆမ် နတ်တီဆရီ ပါဝင်ပြီး ပါတီ အတွက်ဘိသိက်ခံနေတဲ့ မြင်ကွင်းကလည်း လူမှု့ကွန်ယက်မှာ ပြန့်နှံ့နေပြီ ဖြစ်ပါတယ်။

ကိုယ်ဝန် ရှစ်လရှိနေပေမယ့် အားသွန်ခွန်စိုက် မဲဆွယ်စည်းရုံးနေတဲ့ ဝန်ကြီးချုပ်လောင်းက လက်ရှိယှဥ်ပြိုင်နေတဲ့  တိုက်ပွဲ ကို အားရကျေနပ်ကြောင်း ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။။

“ဒါဟာ စိန်ခေါ်မှုတစ်ခု ဖြစ်လာမှာ ဖြစ်ပေမယ့် ကျမတို့ တတ်နိုင်သမျှ ကြိုးစားသွားမှာပါ” လို့ သူမက သတင်းထောက်တွေ ကို ပြောဆို လိုက်ကြောင်းလည်း သိရပါတယ်။

Ref: cna

Leave a Reply

Your email address will not be published. Required fields are marked *