ထိုင်းအစိုးရသစ်တက်ဖို့ ၁၀လစောင့် ဆိုင်းပေးရမယ့် အစီအစဉ် အိမ်စောင့် အစိုးရဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ လက်မခံ

ထိုင်းအစိုးရသစ်တက်ဖို့ ၁၀လကြာ စောင့်ဆိုင်းပေးရမယ့် အစီအစဉ်ဟာ သင့်လျော်လိမ့်မယ်လို့ မိမိမထင်တဲ့ အ ကြောင်း ထိုင်းအိမ်စောင့်အစိုးရ ဝန်ကြီး ချုပ်ပရာယွတ်ချန်အိုချာက ဇူလိုင်၂၅မှာ ထုတ်ဖော်ပြောကြားတယ်။

အဲဒီအစီအစဉ်ကို ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာထောက်ခံမဲအများဆုံးရရှိပြီး လူကြိုက် အ များဆုံးဖြစ်ခဲ့တဲ့ ရှေ့သို့လှမ်းချီပါတီနဲ့ပူးပေါင်းထားတဲ့ ၈ပါတီညွန့်ပေါင်းအင်အား စုထဲက ထိုင်းဆန်ထိုင်းနဲ့ ဖဲယားလို့ခါ်တဲ့ ပါတီနှစ်ခုကအဆိုပြုတင်ပြခဲ့တာဖြစ် တယ်။

တပ်ကကျောထောက်နောက်ခံပြုပြီးခန့်အပ်ထားတဲ့ အထက်လွှတ်တော်အမတ်တွေ ၂၀၂၄ခုနှစ်မေလမှာ သက်တမ်းကုန် မှာဖြစ်တဲ့အတွက် အဲဒီအချိန်မှာ အောက်လွှတ်တော်အမတ်တွေကပဲ ဝန် ကြီးချုပ်လောင်းကို မဲခွဲဆုံးဖြတ်ပြီး တင် မြှောက်လိုက်ရုံပဲလို့ အဲဒီနှစ်ပါတီက တင်ပြတယ်။

ထိုတင်ပြချက်နဲ့ပတ်သက်ပြီး ဘယ်လို ထင်မြင်ယူဆပါသလဲလို့ သတင်းထောက် တစ်ဦးကမေးတာကို ပရာယွတ်ချန်အိုချာ က သင့်လျော်လိမ့်မယ်လို့ မထင်တဲ့ အကြောင်း တုန့်ပြန်ဖြေကြားခဲ့တာဖြစ် တယ်။

သူကအကျယ်တဝင့်မပြောကြားတဲ့အတွက် ဆိုလိုတာက သူတို့တင်ပြသလို လုပ်လို့ မရဘူးဆိုတဲ့ အဓိပ္ပါယ် သက်ရောက် နေတယ်။

ဒုတိယမဲအများဆုံးရရှိခဲ့တဲ့ ဖူထိုင်းပါတီ ဖက်က တင်သွင်းလာမယ့် ဝန်ကြီးချုပ် လောင်းကို ဇူလိုင်၂၇မှာ မဲခွဲဆုံးဖြတ်ပေး ဖို့ အထက်လွှတ်တော်အမတ် ၂၄၉ဦး အသင့်ရှိနေကြတယ်။ တကယ်ဆိုရင် ၂၅၀ရှိရမှာ အမတ်တစ်ဦးမကြာသေးမီ ကမှ နှုတ်ထွက်ခဲ့လို့ တစ်နေရာလစ် လပ်သွားတာဖြစ်တယ်။

Ref: Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *