ထိုင်းအစိုးရက ကူးသန်းရောင်းဝယ်ရေးဘဏ်တွေကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ တန်ကြေးရှိတဲ့  ချေးငွေထုတ်ပေးမယ့် အစီအစဉ်ကို အတည်ပြု

ဘန်ကောက် ၊ ဇူလိုင် ၁၆

ထိုင်းအစိုးရက ဘတ်ငွေ ၁၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ဒသမ ၈ ဘီလီယံ) ချေးငွေအပျော့စား အစီအစဉ်ကို ဇူလိုင် ၁၆ရက် အင်္ဂါနေ့မှာ စီးပွားရေးဘဏ်တွေကို  ချေးငွေထုတ်ချေးပေးမယ့် အစီအစဉ်ကို အတည်ပြုခဲ့ပါတယ်။ အတိုးနူန်းကိုလည်း ဈေးကွက်နူန်းထားအောက်နဲ့ ထုတ်ချေးပေးမယ်လို့လည်း သိရပါတယ်။

အခု အစီအစဉ်ဟာ အသေးစားစီးပွားရေးလုပ်ငန်းတွေ  ချေးငွေရဖို့ အတွက်ကို ရည်ရွယ်တာ ဖြစ်တယ်လို့ ဒီနေ့အစိုးရအဖွဲ့ အစည်းအဝေးအပြီး သတင်းထောက်တွေကို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံပိုင် အစိုးရငွေစုဘဏ်က  စီးပွားရေး ဘဏ်တွေကို အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းပဲယူပြီး ထုတ်ချေးမှာ ဖြစ်သလို လုပ်ငန်းငယ်တွေကို ၃ နှစ်ထက် မပိုတဲ့ ကာလအထိ  ထုတ်ချေးပေးထာမယ်လို့ ဆိုပါတယ်။

လက်ရှိ ထိုင်းဘဏ်တွေရဲ့  လက်လီချေးငွေ အတိုးနူန်းက  ၇ ရာခိုင်နှုန်းဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။ရှိသည်။

Ref: Reuters

ပုံစာ။ ထိုင်းဗဟိုဘဏ်

Feature Image Credit: Central Bank Web site

Visited 60 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *