ထိုင်းအခြေခံဥပဒေဆိုင်ရာခုံရုံး ဆုံးဖြတ်ချက်နဲ့ ပီတ တစ်ယောက် လွတ်တော်အမတ်ပြန်ဖြစ်လာ

ဘန်ကောက်၊ ဇန်နဝါရီ ၂၄

ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးတော်က  ပြုပြင်ပြောင်းလဲရေး နိုင်ငံရေးခေါင်းဆောင် ပီတ အပေါ်  ပါလီမန်တက်ခွင့်  ပိတ်ပင်ခံထားရတဲ့ အမှုကို  ဇန်နဝါရီ ၂၄ ရက် ဗုဒ္ဓဟူးနေ့မှာ ပြန်လည်ရုတ်သိမ်း လိုက်တာကြောင့် ဝန်ကြီးချုပ်လောင်းလျာ ဖြစ်ခဲ့တဲ့ ပီတ လင်ဂျာရွန်ယက်  တစ်ယောက် ပါလီမန်အမတ်တစ်ယောက် ပြန်ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

အသက် (၄၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့  ရှေ့သိုချီပါတီ  Move Forward Party (MFP)  ခေါင်းဆောင်ပီတဟာ ၂၀၂၃ခုနှစ် ရွေးကောက်ပွဲမှာ  မဲအများဆုံးနဲ့  ဦးဆောင်ခဲ့ပေမယ့်လည်း ဇူလိုင်လမှာ ပါလီမန်အမတ်အဖြစ်ကနေ ရပ်ဆိုင်းခံခဲ့ရပြီး ၀န်ကြီးချုပ်ဖြစ်ဖို့ အခွင့်အရေးကိုပါ ပိတ်ပင်ခံခဲ့ရတာ ဖြစ်ပါတယ်။

ပါလီမန်အမတ်တွေ ကို မီဒီယာကုမ္ပဏီတွေမှာ  ရှယ်ယာမပိုင်ဆိုင်ရဘူးလို့  တားမြစ်ထားတဲ့  စည်းမျဉ်းတွေကို ပီတ အနေနဲ့ချိုးဖောက်ခဲ့တာ မရှိဘူးလို့  ဇန်နဝါရီ ၂၄ရက်က ဗုဒ္ဓဟူးနေ့က အခြေခံဥပဒေတရားရုံးမှာ မဲခွဲ ဆုံးဖြတ်ခဲ့ကြတာလို့ သိရပါတယ်။

အခု ဖြစ်ခဲ့တဲ့ အစုရှယ်ယာ ပိုင်ဆိုင်မှုတွေဟာ  ပီတ ဟာ သူဖခင် ကွယ်လွန်ချိန်မှာ  အမွေဆက်ခံပြီး ရခဲ့တာ ဆိုတဲ့ အချက်ကိုလည်း ကိုးကားပြောဆိုခဲ့ကြတယ်လို့ ရုံးတော်က တစ်ဆင့် သိရပါတယ်။

လိမ္မော်ရောင်အင်္ကျီတွေ ၀တ်ထားတဲ့ ရှေ့သိုချီပါတီ ( MFP ) ထောက်ခံသူ ဒါဇင်ပေါင်းများစွာက “PM Pita” ဆိုပြီး  တရားရုံးအပြင်ဘက်မှာိ မြူးတူးပျော်ရွှင်နေခဲ့ကြတယ်လို့လည်း သိရပါတယ်။

Ref: CNA

ပုံစာပျော်ရွှင်နေတဲ့ ပီတနဲ့ သူ့ကို ထောက်ခံကြသူတွေကို ဇန်နဝါရီ ၂၄ရက်က တွေ့ရပုံ

Feature Image Credit: AFP

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *